အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၅ ဇွန် ၂၀၂၃

၀၅:၂၇:၄၆
1375173

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ ကြိုးပမ်းမှုဖြင့်

ကွမ်းမြို့ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အရေး တင်ပြသူများ ဆိုင်ရာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ စည်း‌ဝေးပွဲ ကျင်းပ

ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အခြားနိုင်ငံများမှ အဲဟ်လေ့ဘိုက်(သ) (အ.စ) အရေး တက်ကြွလှုပ်ရှားသူများ၏ ပူးပေါင်းပါဝင်မှု၊ အပြန်အလှန် အကျိုးပြုမှု ရည်ရွယ်ချက်ဖြင့် ပထမဆုံး အပြည်ပြည် ဆိုင်ရာ မီဒီယာ တက်ကြွလှုပ်ရှားသူများ စုဝေးပွဲကို မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အစည်းအဝေးခန်းမ တွင် ဇွန်လ ၂၄ ရက်နေ့ က ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ ကြိုးပမ်းမှုဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ ရွှေမြို့တော် ကွမ်း မြို့ ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အစည်းအဝေးခန်းမ တွင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အခြားနိုင်ငံများမှ အဲဟ်လေ့ဘိုက်(သ) (အ.စ) အရေး တက်ကြွလှုပ်ရှားသူများ၏ ပူးပေါင်းပါဝင်မှု၊ အပြန်အလှန် အကျိုးပြုမှု ရည်ရွယ်ချက်ဖြင့် ပထမဆုံး အပြည်ပြည်ဆိုင်ရာ မီဒီယာ တက်ကြွလှုပ်ရှားသူများ စုဝေးပွဲကို ကျင်းပခဲ့ပါတယ်။ဤအစည်းအဝေး အား ဇွန်လ ၂၄ ရက်နေ့ ၂၀၂၃ခုနှစ် စနေနေ့ တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ အုပ်ထိန်းသူ ဟစန် ဆဒရာယီ အာရေဖ် မှ အစည်းအဝေး တက်ရောက်လာသူများ အား ကြိုဆို ကြောင်း ပြောကြားရင်း ဤစည်းဝေးပွဲနှင့် သတင်း အေဂျင်စီကို  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏အမည်ဖြင့် အမည်ပေးထားပြီး အေမာမ် များ (အ.စ.) ကို ချစ်မြတ်နိုး သူများ အားလုံး၏ အိမ်ဖြစ်ပြီး ဤအစည်းအဝေးများနှင့် စည်းဝေးပွဲများသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များကြား တွင် အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံရေးနှင့် စည်းလုံး ညီညွတ်မှုကို ဖြစ်ပေါ်စေမည်ဟု မျှော်လင့် ချက်ဖြင့် ကျင်းပရသည့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နိုင်ငံများ မှ မီဒီယာတက်ကြွ လှုပ်ရှားသူ တစ်စုက ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အသီးသီး တင်ပြခဲ့ကြပါတယ်။

စာနယ်ဇင်းသမားများနှင့် မီဒီယာတက်ကြွလှုပ်ရှားသူများ အကြား ဆက်သွယ်မှုထူထောင်ရန် သမဂ္ဂဖွဲ့စည်းခြင်း၊ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ရုံးခွဲများ ကို အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံတို့တွင် တည်ထောင်ခြင်း၊ ၏ တက်ကြွလှုပ်ရှားသူများ အတွက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ဘက်မှ  ရုပ်ပိုင်းဆိုင်ရာနှင့် နာမ် ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ အဗ်နာ သတင်းဌာန ၏ အခန်းကဏ္ဍသည် တက်ကြွလှုပ်ရှားသူများအတွက် ချိတ်ဆက်ပေးသည့် လင့်ခ်တစ်ခုဖြစ်ကြောင်း  မြန်မာ ဘာသာဖြင့် ရှီအဟ်သတင်းများ ကို တင်ပြနေသည်မှာ အဗ်နာ သတင်းဌာန တစ်ခုတည်းသာ ရှိကြောင်း၊ ဘင်ဂါလီ ဘာသာ ဖြင့် အဗ်နာ သတင်းများ ကို ဘင်္ဂလားဒေ့ရှ် သတင်းဌာန များ မှ သတင်းအရင်း အမြစ်အဖြစ် အသုံးပြုခဲ့ ကြကြောင်း  နှစ်အနည်းငယ် ဘင်ဂါလီ ဘာသာစကားဖြင့် အဗ်နာ သတင်းလှုပ်ရှား မှုမှာ အားနည်း၍ မရှိ သလောက်ရှိခဲ့ ကြောင်း ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီးဖြစ် ကြောင်း စသည် ဖြင့် တက်ရောက် လာသူများမှ  အသီးသီး ဆွေးနွေး တင်ပြ ခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ဂျအ်မေအာသိုလ်မွတ်စ်သဖွာ (ဆွ) တက္ကသိုလ်၏ ဘာသာရေး ကိစ္စများ ဆိုင်ရာ ဒါရိုက်တာ ချုပ်ဖြစ်သူ H.I ရေဇာယီ မှလည်း ဤစုဝေးပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ၊ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ မီဒီယာ ဆိုင်ရာ မိန့်ခွန်းများ ကို ဤ စည်းဝေးပွဲ ကျင်းပ ခြင်း ဖြင့် အလေးရှိမှုကို ဖြစ်စေကြောင်း မီဒီယာ စစ်ပွဲတွင် ရန်သူများ ကို လျော်ညီသည့် တုံ့ပြန်မှုများ ပြုနိင်ရန် မီဒီယာ ဆိုင်ရာ နည်းပညာများ မီဒီယာတက်ကြွလှုပ်ရှားသူများ အနေဖြင့် သင်ကြားရန် လိုကြောင်း သင်ကြားပေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ ဂျအ်မေအာသိုလ်မွတ်စ်သဖွာ (ဆွ) တက္ကသိုလ် နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ ဘိုက် (သ) (အ.စ) တို ဘက် မှ တံခါးများ ဖွင့် ထားပေးကြောင်း စသည်ဖြင့် အရေးကြီး အချက် အလက် များ ကို တင်ပြ မိန့်ကြားခဲ့ပါတယ်။

ဤစုဝေးပွဲ၏ အထူးဟောပြောသူမှာ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်း ရေးမှူး ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန်နီ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ  ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ရှိ အဲဟ်လေ့ဘိုက် (သ) (အ.စ) မီဒီယာ တက်ကြွလှုပ်ရှားသူများ၏ လှုပ်ရှားမှုများကို တန်ဖိုး ရှိကြောင်း ဤလှုပ်ရှားမှုများသည် အနည်းငယ်မျှသော အထောက်အကူပစ္စည်းများဖြင့် အကောင်အထည်ဖော်နေသည် ဖြစ်ကြောင်း  “ စလာမ် ဖရ်မန်ဒေ “  ဆိုသည် ကစီဒဟ် အား ဘာသာစကား မျိုးစုံ ဖြင့် လှပစွာ ဘာသာပြန်ဆိုထားကြပြီး ထုတ်လွှင့်ခံ ကြကြောင်း ကောင်းမြတ်သည့် ထိရောက်မှု ရှိခဲ့ကြောင်း ဆက်လက်၍ မီဒီယာလုပ်ငန်းတွင် မီဒီယာတတ်မြောက်မှု၊ မီဒီယာကျွမ်းကျင်မှုနှင့် ကျင့်ဝတ်များ ရှိရန် လိုအပ်ပြီး တစ်ချိန်တည်းတွင် ရုပ်ရှင်နှင့် ကာတွန်းကဲ့သို့သော ဖော်မတ်အမျိုးမျိုးကို အသုံးပြုကာ အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖော်မတ်များကို သင်ယူ ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ  ဆက်လက်ပြီး အဗ်နာ သတင်းဌာန မှ ဤစုဝေးပွဲများကို တက်ကြွ လှုပ်ရှားသူများ နှင့် ဆက်လက် ပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ကျွန်ုပ်တို့တွင် အဲဟ်လေ့ ဘိုက် (သ) (အ.စ) မီဒီယာ တက်ကြွလှုပ်ရှားသူများ ၏ ဒေတာဘေ့စ် တစ်ခုရှိရမည်ဖြစ်ပြီး ယင်းတွင် စွမ်းဆောင်ရည်များကို စုဆောင်းရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး  အာယာသွလ္လာဟ် မှ ဂဒီးရ် အရေးကြီးမှု ကို ရည်ညွှန်း၍ မီဒီယာ တက်ကြွလှုပ်ရှားသူများ သည် ဂဒီးရ် ၏ ပြန်လည်နိုးထမှု တွင်တက်ကြွစွာ ပါဝင် သင့်ပြီး အထူးသဖြင့်အထက်တန်းလွှာများ ဖြစ်သော ပြစ်မဲ့ အေမာမ်များ (အ.စ) ကိုကမ္ဘာနှင့်မိတ်ဆက်ပေးရန်ကြိုးစား ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး  အာယာသွလ္လာဟ် မှ ကမ္ဘာပေါ်တွင် အစ္စလာမ်၏ ရပ်တည်ချက်ကို ရည်ညွှန်းပြီး- ရန်သူများသည် ကမ္ဘာပေါ်တွင် အစ္စလာမ်၏ သြဇာလွှမ်းမိုးမှုကို ပြန့်ပွားလာသောကြောင့် ကမ္ဘာပေါ်တွင် အစ္စလာမ်၏ ပုံသဏ္ဍာန်ကို လှည့်ဖြားရန် ကြိုးပမ်းကြ ပြီး ရန်သူများသည် ISIS အစ္စလာမ်ကို မြှင့်တင်ကြပြီး လစ်ဘရယ် (အာဏာရှင်) အစ္စလာမ် အဖြစ် အစ္စလာမ် အား နာမည်ဖျက်ကြကြောင်း တမန်တော်မြတ် (ဆွ)  ရဲဟ်မသ် တမန်တော် ဖြစ်ကြောင်း လစ်ဘရယ် (အာဏာရှင်) ကို ဆန့်ကျင်ပြီး မားမားမတ်မတ်ရပ်တည်ခဲ့သည့် တမန်တော်မြတ် (ဆွ) ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဆုံးတွင် အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ အေမာမ် ခိုမေနီ (ရဟ) ၏ ကွယ်လွန်ခြင်း ၃၄ နှစ်‌ မြောက် အောက်မေ့ဖွယ် အခမ်းအနား တွင် မိန့်ကြားခဲ့သည်  အဓိကအချက်အချာ ဖြစ်သည်  အလ္လာဟ်အရှင်အပေါ် သက်ဝင် ယုံကြည်ခြင်း နှင့် အလ္လာဟ် ထံ မှ မျှော်လင့်ချင်း ကို မွတ်စလင်မ်များ ကြား  အားလုံး လာစေရန် ရှီအဟ် မီဒီယာ နှင့် သတင်းဖြန့်ချိရေး ဌာန များ မှ အဲဟ်လေ့ဘိုက်(သ)_ (အ.စ) သွန်သင်ဆုံးမ ချက်များ ကို အခြေပြုပြီးကြိုးပမ်း ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251