အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၅ ဇွန် ၂၀၂၃

၂၀:၃၆:၀၁
1375376

စစ်ကောင်စီဘဏ်နှစ်ခုကို အမေရိကန် အရေးယူ

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေတွေကို စီမံကိုင်တွယ်ပေးနေတဲ့ ဘဏ်နှစ်ခုကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေတွေကို စီမံကိုင်တွယ်ပေးနေတဲ့ ဘဏ်နှစ်ခုကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်နဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေ အမြတ်အစွန်း အမြောက်အများရနေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ နိုင်ငံခြားငွေ အထုတ်၊ အသွင်းကို အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း လူထုအပေါ် အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

အခုလို ဘဏ်တွေကို အရေးယူမှုနဲ့ပတ်သက်ပြီး သူတို့ဖက်က ဘာမှ ဆုံးရှုံးမှု ရှိမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီလို ပိတ်ဆို့မှုတွေဟာ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမှုမှာ မလိုအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ မြန်မာဘဏ်တွေကို အမေရိကန်က အခုလို အရေးယူမှုဟာ အာဆီယံဒေသတွင်းက နိုင်ငံတွေကိုပါ ရိုက်ခတ်မှုရှိမှာ ဖြစ်ပါ တယ်။

****************************************************************
END / 251