အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၆ ဇွန် ၂၀၂၃

၀၆:၀၅:၀၉
1375411

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ အဖိုးတန် ဟဒီးစ်တော်များ အချို့

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ ဝမ်းနည်းကြေကွဲဖွယ်ရာ အချိန်အခါတွင် အေမာမ် (အ.စ) အား အချစ်ထားသူ ယောက်တိုင်း အား အလွန် ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားရင် အေမာမ် (အ.စ) အဖိုးတန် ဟဒီးစ်တော် များ မှ ပန်းဂျ်သန် ငါးပါး နှင့် အညီ ဟဒီးစ်တော် ၅ ပါး အား လက်တွေ့ လိုက်နာ ကျင့်သုံး နိုင်ရန် လေးစားစွာ တင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၁)အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ)  မိန့်တော်မူ၏ ။

"အေဗါဒသ်များ (အလ္လာဟ်ဟို အရှင်မြတ်အားခဝပ်ကိုးကွယ်မှုများပြုခြင်း ) 

တွင် ခက်ခဲသည့် အေဗါဒသ် မှာ ဟရာမ် အရာမှ ရှောင်ကြဉ်ရခြင်းဖြစ်ပါသည်။ "

ကြည့်  - အိုယွန်းနိုလ်ဟယာဟ် / ၆၁၄

 

(၂)အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော် မူ၏ ။  

" သုံးခုသော် အရာသည် ခါးကို ကျိုးစေပါသည် ။ (ဒုက္ခကို ဖြစ်စေပါသည်။ )   

၁။ မိမိ၏ လုပ်ရပ်ကို အများကြီးဟု နားလည်ခြင်း 

၂။ မိမိ၏ အပြစ်များကို မေ့သွား ခြင်း 

၃။ မိမိ၏ အမြင်ကို အကောင်းဆုံးဟု နားလည်ခြင်း တို့  ဖြစ်ပါသည်။"

ကြည့် - အလ်ခေဆွာလ် / အတွဲ ၁

 

(၃)ဟဇရသ် အေမာမ် မိုဟမ္မဒ် ဘာကဲရ် (علیه السّلام ) မိန့်တော်မူ၏။ 

"အလ္လာဟ်၏လမ်းတွင် အသတ်ခံရခြင်းသည်  အကြွေး မှအပ ဂိုနဟ်တိုင်းအတွက် ကဖ်ဖါရဟ်( လျော်ကြေး) ဖြစ်ပါသည်။ သို့သော် အကြွေး ၏ ကဖ်ဖါရဟ်( လျော်ကြေး) မှာ ၎င်းအကြွေးအား ပြန်ဆပ်ရမည်ဖြစ်ပါသည်။ (သို့မဟုတ်) ရှဟီးဒ် ၏အမွေဆက်ခံသူများ မှ ဆပ်ပေးရမည်ဖြစ်ပါသည်။ (သို့မဟုတ်) အကြွေးရှင်မှ ၎င်းအားခွင့်လွတ်ပေးခြင်း ဖြစ်ပါသည်။"

ကြည့် -  မီးဇန်နိုလ်ဟေက်မဟ် / အတွဲ ၅ / ဟဒီးစ်တော် အမှတ် ၉၇၇၇

 

(၄)အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော်မူ၏။

"ကောင်းသည့် စကားကို မည်သူပဲ ပြောပြော ယူပါ။ ယုတ်စွ ပြောသည့်သူကိုယ်တိုင်ပင် မကျင့်သုံး သူ ဖြစ်နေပါစေ  (ယူပါ) ။"

ကြည့် - သိုဟ်ဖိုလ်အိုကူးလ် / စာမျက်နှာ ၃၁၉

 

(၅)အေမာမ် ဘာကဲရ်  (အ.စ) မိန့် တော် မူသည်။

" မည်သူမဆို အာယာသိုလ်ကုရ်စီ အား တစ်ကြိမ် ဖတ်ရွတ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် လောကီ၏ဘေးဒုက္ခ တစ်ထောင် နှင့်လောကုတ္တရာ ၏ ဘေးဒုက္ခ တစ်ထောင် ကို ၎င်း၏ ဘဝ နှင့် ဝေးကွာ စွာ ထားတော် မူမည်။ အနည်းတကာ အနည်းဆုံး လောကီ ဘေးဒုက္ခ မှာ ဆင်းရဲ ခြင်း ဖြစ်ပြီး လောကုတ္တရာ မှာအဇါဗ်ဗေကဗဲရ် (ကဗဲရ်တွ၏ပြစ်ဒဏ်) နှင့် ဖေရှာရ်ရေ ကဗဲရ် (ကဗဲရ်ညပ်ခြင်း) ဖြစ်ပါသည်။"

ကြည့် - အမာလီ ရှိက်ခ် ဆူဒူက်  / မဂျ်လစ်အမှတ် ၂၁ / ဟဒီးစ် ၆

**************************************************************

END / 251