အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂၆ ဇွန် ၂၀၂၃

၂၀:၂၀:၃၇
1375616

ဖမ်းမိမူးယစ်ဆေးဝါးများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

၂၀၂၃ ခုနှစ် တနှစ်ကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကာလတန်ဖိုး ကျပ် ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံတန် မူးယစ်ဆေး ၃၆ မျိုးကို ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး ကုန်တင်ယာဥ်ရပ်နားကွင်းမှာ ဒီနေ့ ဇွန် ၂၆ ရက် မနက် ၈ နာရီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၂၃ ခုနှစ် တနှစ်ကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကာလတန်ဖိုး ကျပ် ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံတန် မူးယစ်ဆေး ၃၆ မျိုးကို ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး ကုန်တင်ယာဥ်ရပ်နားကွင်းမှာ ဒီနေ့ ဇွန် ၂၆ ရက် မနက် ၈ နာရီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တက်ရောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၈၆၃၄ သန်း (မြန်မာငွေ ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံ) တန်ဖိုးရှိတယ်လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းမှာလည်း ကျပ်သန်းပေါင်း ၁၄၄ ဒသမ ၉၉၈၁၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာလည်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၅၃ သန်း ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


***************************************************************
END / 251