အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁ ဇူလိုင် ၂၀၂၃

၁၆:၅၈:၁၇
1376341

တောင်ပိုင်းစစ်ဒေသ စစ်ရှိန်မြှင့်မည်၊ ည ၆ မှမနက် ၆ နာရီအတွင်း မသွားလာကြရန် သတိပေး

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာ ဖြစ်တာ ကြောင့် ပြည် သူတွေကို သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခြင်း မပြုကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၂) အနေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မှာ ဖြစ်တာကြောင့် ပြည် သူတွေကို သတ်မှတ်လမ်းပိုင်းတွေမှာ နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခြင်း မပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာန  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထား ပါတယ်။
ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေဖို့အတွက် ဇူလိုင် ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ရေးအရှိန်မြှင့်မယ့် သတ်မှတ်လမ်းပိုင်းတွေထဲမှာ ပဲခူးတိုင်းထဲက ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ မွန်ပြည်နယ်ထဲက ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်း တွေ ပါဝင်နေတာပါ။
အဆိုပါ သတ်မှတ်လမ်းပိုင်းတွေထဲ နေ့အချိန် ခရီးသွားလာရာမှာလည်း မော်တော်ယာဉ်တွေကို မှန်ချပြီး မောင်း နှင် ဖို့နဲ့ တာဝန်အရ စစ်ဆေးတာကို ကြည်ဖြူစွာ လက်ခံဖို့၊ ဒီထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက် ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို စစ်ဒေသခွဲ (၂) အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါ တယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒ ဏ်ရာရရှိ ခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာ သိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံ လာခဲ့ တယ်လို့လည်း ဆိုပါ တယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်း စာရှင်း လင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ် နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်
****************************************************************
END / 251