အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂ ဇူလိုင် ၂၀၂၃

၁၇:၂၇:၃၆
1376617

ကုလသမဂ္ဂ မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ စာကို လက်ခံရရှိပြီး မကြာမီ အ‌ဖြေပေးမည်ဟု ကတိပြု

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ဆွီဒင် နိုင်ငံ တွင် ကျမ်းတော်မြတ် ကုရ်အာန် အား စော်ကား မှု နှင့် ပတ်သက်ပြီး ပေးပို့ သည့် စာကို လက်ခံရရှိ ထားကြောင်း ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ် က အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ  ၏ ဆွီဒင် နိုင်ငံ တွင် ကျမ်းတော်မြတ် ကုရ်အာန် အား စော်ကား မှု နှင့် ပတ်သက်ပြီး ပေးပို့ သည့် စာကို လက်ခံရရှိ ထားကြောင်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲသည် အီရတ်ဝန်ကြီးချုပ်၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖဝါဒ် ဟိုစိုင်းန် နှင့် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီး ဆွီဒင်နိုင်ငံရှိ ကျမ်းတော်မြတ်ကုရ်အာန်ကိုစော်ကား သည့် ကိစ္စကို ဆွေးနွေးခဲ့ ကြောင်း အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တယ်လီဖုန်းဖြင့် စကားပြောကြားစဥ် ဖဝါဒ် ဟိုစိုင်းန် ဤကဲ့သို့သော် လုပ်ရပ်များသည် အနောက်နိုင်ငံများနှင့် အစ္စလာမ် နိုင်ငံများကြား တင်းမာမှုနှင့် အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်များကြောင့် အစ္စလာမ်မုန်းတီးရေး ၊ အကြမ်းဖက်ဝါဒ နှင့် အစွန်းရောက်ဝါဒ သည် ကမ္ဘာပေါ်တွင် ပြန့်ပွားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာသာရေးဆိုင်ရာ မြင့်မြတ်မှုများကို စော်ကားခြင်း၊ ကျမ်းတော်မြတ်ကုရ်အာန်နှင့် အခြားမြင့်မြတ် သောကျမ်း များကို စော်ကားခြင်းဖြစ်စေသော ဖြစ်စေသည့်  အတွေးအခေါ်များကို နိုင်ငံတကာအဆင့်တွင် အရေးယူ ရန် လိုအပ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။

တစ်ဖက်တွင်မူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဤရှက်ဖွယ်ဖြစ်ရပ်ကို ရှုတ်ချစဉ် အီရတ်နှင့် အခြား နိုင်ငံများ ၏ တုံ့ပြန်မှုကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ  ၏ သဝဏ်လွှာကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြုပြီး မကြာခင်မှာ အာယာသွလ္လာဟ် ၏ စာကို ပြန်ကြားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်တွင် နိုင်ငံခြားရေးဝန်ကြီးသည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ပေးသည့် စာအား လက်ခံပေးသည့် ကုလသမဂ္ဂအား ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန်၊ သဟဇာတ ဖြစ်အောင် ဖန်တီးရန်နှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ကျွန်ုပ်တို့အားလုံး အတူတကွ လုပ်ဆောင်သင့် သည်ဟု ပြောကြားခဲ့ပါတယ်။

မှတ်သားရမည့် အချက်မှာ ဆွီဒင်တွင် ကျမ်းမြတ်ကုရ်အာန်ကို ရှုစော်ကား မှု ဖြစ်ပွားပြီး နောက် ယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ သို့ စာတစ်စောင်ရေးသား ပေးပို့ခဲ့ပါတယ်။

****************************************************************

END / 251