အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၈ ဇူလိုင် ၂၀၂၃

၁၆:၂၉:၅၅
1377877

ဆွီဒင် နိုင်ငံ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ကို စော်ကား ခြင်းအားရာဇ၀တ်မှု တစ်ခုအဖြစ် ပြ ဋ္ဌာန်း ရန် စဉ်းစားနေ

ဆွီဒင် နိုင်ငံ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ကို နှင့် အခြား ဘာသာဝင် များ အလေးအမြတ် ထားသည့် ကျမ်းများ အား စော်ကား ခြင်းအား ရာဇ၀တ်မှု တစ်ခုအဖြစ် ပြ ဋ္ဌာန်း ရန် စဉ်းစားနေ သည်ဟု သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ နိုင်ငံခြား မီဒီယာများ၏ အဆိုအရ ဆွီဒင်အစိုးရ တရားရေးဝန်ကြီး ဂူနရ် အစတူရ်မရ် က အဖ်တန်ဘလဒတ် နှင့် စကားပြောကြားရင်း အစိုးရ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် သို့မဟုတ် အခြားဓမ္မစာအုပ်များကို စော်ကား ခြင်း နှင့်  မီးရှို့ သည် လုပ်ရပ်အား တရားဝင် လုပ်ရပ် ဖြစ်မဖြစ် ကို  စစ်ဆေးနေသည်ဟု ဆိုပါတယ်။ မကြာသေးမီက ကျမ်းတော်မြတ် ကုရ်အာန် အား စော်ကား မီးရှို့ သည့်အဖြစ်အပျက်များ သည် ဆွီဒင်၏ လုံခြုံရေးကို ထိခိုက်စေခဲ့ပါတယ်။

"ဆွီဒင်သည် တိုက်ခိုက်မှုများအတွက် ဦးစားပေး ပစ်မှတ်ဖြစ် လာပြီး ပြီးခဲ့သည့် သီတင်းပတ်က အဖြစ် အပျက်သည် ကျွန်ုပ်တို့၏ပြည်တွင်းလုံခြုံရေးကို ခြိမ်းခြောက်မှုများ ဖန်တီးခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင် သည်" ဟု ဂူနရ် အစတူရ်မရ် ပြောကြားခဲပါတယ်။

ဆွီဒင်တွင် ကုရ်ဘာနီ အီးဒ် နေ့တွင် အစွန်းရောက်တစ်ဦးက စတော့ဟုမ်းမြို့ရှိ ဗလီတစ်ခုအပြင်တွင် ကျမ်းမြတ် ကုရ်အာန်ကို စော်ကားမီးရှို့ ခဲ့ရာ ယင်းဖြစ်ရပ်သည် မွတ်စ်လင်မ်ကမ္ဘာတွင် ဒေါသတကြီးဖြစ်စေခဲ့ပြီး ပုပ်ရဟန်း မင်းကြီးသည် ဤရက်စက်ယုတ်မာသောလုပ်ရပ်ကို ရှုတ်ချခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251