အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဇူလိုင် ၂၀၂၃

၁၅:၁၆:၄၂
1378191

အေမာမ် မူစာကာဇင်းမ် (အ.စ) အကြောင်း တစ်စေ့ တစ်စောင်း

အေမာမ် မူစာကာဇင်းမ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ အချိန်အခါ တွင် အေမာမ် (အ.စ) အကြောင်း တစ်စေ့ တစ်စောင်း တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ် မူစာ ကာဇင်းမ် (အ.စ) အကျော်ကြားဆုံး ဘွဲ့တော်များ မှ တစ်ခု မှာ ကာဇင်းမ် ဖြစ်ပါတယ်။ ရှီအဟ်များ၏ သတ္တမမြောက် အေမာမ် အား ကာဇင်းမ်ဟု ခေါ် ရခြင်း အကြောင်း ရင်းမှာ မိမိ ဒေါသကို ထိန်းချုပ်ထားနိုင် ခြင်းကြောင့် ဖြစ်ပါတယ်။ ညှဉ်းဆဲ သောသူတို့၏ ညှဉ်းဆဲခြင်းကို သည်းခံ၍ ဒေါသမဖြစ်တော်မူသည့် အတွက်ကြောင့် လည်း ဖြစ်ပါတယ်။  ကိုယ်ကျင့် တရား နှင့် စာရိတ္တ ဆိုင်ရာ စာအုပ်များ တွင်လည်း မိမိ ဒေါသကို အလွန် ထိန်းချုပ် နိုင်သူကို ကာဇင်းမ် ဟု ခေါ် ကြောင်း ဖော်ပြထားသည်ကိုလေ့လာ တွေ့ရှိ ရမှာ ဖြစ်ပါတယ်။

သဇ်ကေရသိုလ်ခဝါဇ် စစ်ဘ်ဘင်န် ဂျောင်ဇီ (ကွယ်လွန် ၆၅၄ ဟီဂျရီ) ရေးသားထားသည့် စာအုပ်တွင် အေမာမ် မူစာ ကာဇင်းမ် (အ.စ) အား ကာဇင်းမ် ဟု ခေါ်ဆိုရသည့် အကြောင်း မှာ အေမာမ် ထံ မည်သူဘက်မှ ဖြစ်စေ ပစ္စည်း တစ်ခုခု ရောက်လာတိုင်း ၎င်းအတွက် ငွေ ပြန်ပို့သည့် အတွက်ကြောင့် ဟုဖော်ပြထားပါတယ်။

 ဆယက်ဒ် ဟာရှင်မ် မအ်ရူဖ် အလ်ဟစန်နီ ( ကွယ်လွန် ခရစ်သက္ကရာဇ် ၁၉၈၄ခုနှစ်) သည် လည်းပဲ မိမိ၏ စာအုပ် စီရသိုလ်အအေမဟ်အလ်အက်စ်နာအရှရ် တွင်လည်း ကာဇင်းမ် အမည် တွင်ကြောင်း ၊ အကြောင်းမှာ တစ်ဦးတစ်ယောက် ၏ ငွေကြေးလိုအပ်ချက်များ ကို မြင်ရတိုင်း ဖြည့် ဆည်းပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်ဆိုပြီး ရေးသားထားပါတယ်။

အေမာမ် ကာဇင်းမ် (အ.စ) သည် ရန်သူများနှင့် မကောင်း ပြုသူများ နှင့်ပတ်သက်ပြီး မိမိ ၏ ‌ဒေါသ ကို ထိန်းချုပ် နိုင်ကြောင်း အကိုးအကား အရင်းအမြစ်များ အမျိုးမျိုး တွင် လာရှိပါတယ်။

 သာဓက အားဖြင့် အုမရ် ဘင်န် ခသွာဘ် ၏ မြေးများ မှ တစ်ဦးတစ်ယောက် သည် အေမာမ် ကာဇင်းမ် (အ.စ) ၏ ရှေ့ မှောက် တွင် အေမာမ် အလီ (အ.စ) အား စော်ကားခဲ့ပါတယ်။။ ထိုအခါ အေမာမ် ၏ အပေါင်းအဖော် များ မှ ထိုသူကို တိုက်ခိုက်ရန် ဆန္ဒ ရှိသော်လည်း အေမာမ် (အ.စ) မှ တားဆီး ပြီးနောက် ထိုသူ၏ လယ် ရှိရာ သို့သွားကြွမြန်းသွား ခဲ့ပါတယ်။

ထိုလူမှ  အေမာမ် (အ.စ) ကို မြင်သည့် အခါ သူ၏ သီးနှံများကို မနင်းရန် အော်ဟစ်လေပါတယ်။ အေမာမ် (အ.စ) မှ ထိုသူ ထံ ချဥ်း ကပ်ပြီး သင့် လယ်ယာ စိုက်ပျိုးရန် မည်မျှ သုံးစွဲခဲ့ပါသနည်း? ဟု မေးမြန်းပါတယ်။ ထိုလူ မှ  ဒီနာ ၁၀၀ ဟုဖြေပါတယ်။

 ပြီးနောက်အေမာမ် (အ.စ)မှ  မည်မျှ ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့်ကြောင်း မေးမြန်းပါတယ်။ ထိုလူမှ ဖြေပါတယ်။ ကျွန်တော် အကွယ် က ပညာ ကို မသိပါ။ အေမာမ် မှ ပြန် မိန့်တော်မူ ၏။ ကျွန်ုပ် အနေဖြင့် မည်မျှခန့် ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့် ကြောင်း မေးခြင်းဖြစ် သည် ဟုမိန့်ပါတယ်။

 ထိုလူမှ အဖြေပေး လေ၏။ ဒီနာ ၂၀၀ ။ အေမာမ် ထိုလူအား ဒီနာ ၃၀၀ ပေးပြီးနောက် ဤ ဒီနာ ၃၀၀ သည် အသင်အတွက် ဖြစ်ပါသည်။ ရိတ်ဖို့ကျန်တာလည်း အသင်အတွက် ဖြစ်ပါသည်ဟု မိန့်ပါတယ်။

ပြီးနောက် မတ်စ်ဂျစ်ဒ် (ဗလီ) သို့ ကြွမြန်း သွားပါတယ်။ ထိုလူသည် အေမာမ် ထက်အလျင် မတ်စ်ဂျစ်ဒ် သို့ အရောက်သွား ခဲ့ပါတယ်။ ပြီးနောက် အေမာမ် (အ.စ) ကို မြင်သည်နှင့် ထရပ် ပြီး ဤအာယသ်တော် اللَّه أَعْلَمُ حَيْثُ يَجْعَلُ رِ‌سَالَتَهُ အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် သည်သာလျှင်  မိမိစေလွတ်ရမည့် တမန်တော် ဂုဏ်အား မည်သူကို ချီးမြှင့်ထိုက်သည်ကို အသိဆုံး အရှင်ပင် ဖြစ်တော်မူ၏။ (ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ၆ ၊ အာယသ်တော် အမှတ် ၁၂၄ ) အား ကျယ်လောင် စွာ သေလာဝသ် (ရွတ်ဖတ်) ပါတယ်။

ယနေ့ ကျနော်တို့ အေမာမ် မူစာကာဇင်းမ် (အ.စ) နောက်လိုက်များသည် အေမာမ် နောက်လိုက်ပီပီ မိုအ်မင် အချင်းချင်း သည်းခံ ရမည့် အစား အငြိုးအတေးများထား ရန်များ ဖြစ် ပြဿနာ များ လုပ်သင့်ပါသလားဟု တစ်ဦးတည်း ဂျာနမာဇ် ပေါ် ထိုင်ပြီး အေမာမ် (အ.စ) အား စလာမ် ပေး မိမိကိုယ်ကိုမေးမြန်းသင့်ပါတယ်။

 

ကျမ်းကိုးများ

 

1/  اربلی، کشف الغمه، ۱۴۲۱ق، ج۲، ص۷۴۳.

2/ابن‌اثیر، الکامل، ۱۳۸۵ق، ج۶، ص۱۶۴.

3/  طبرسی، اعلام الوری، ۱۴۱۷ق، ج۲، ص۳۲.

4/نراقی، جامع السعادات، مؤسسه الاعلمی للمطبوعات، ج۱، ص۳۳۳؛ غزالی، احیاء علوم‌الدین، دارالمعرفه، ج۳، ص۱۷۶.

4/  سبط بن جوزی، تذکرة الخواص، ۱۴۱۸ق، ص۳۱۲.

5/ الحسنی، سیرة الائمة الاثنی‌عشر، ۱۳۸۲ق، ج۳، ص۳۰۵.

6/ فید، الارشاد، ۱۴۱۳ق، ج۲، ص۲۳۳؛ قرشی، حیاة الامام موسی بن جعفر، ۱۴۲۹ق، ج۲، ص۱۶۲-۱۶۰.

7 /بغدادی، تاریخ بغداد، ۱۴۱۷ق، ج۱۳، ص۳۰.

8 /  غروی اصفهانی، الانوار القدسیه، مؤسسة المعارف الإسلاميّة، ص۹۴.

****************************************************************

END / 251