အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၀ ဇူလိုင် ၂၀၂၃

၂၀:၁၅:၄၉
1378547

အွန်မသ်သေမွတ်စလင်မ်များသည် စည်းလုံး ညီညွတ်ခြင်း ဖြင့် အစ္စလာမ်ရန်သူများ ၏ မကောင်းသော ရည်ရွယ်ချက်များ ကို စုစည်းပြီး ဖျက်ဆီးနိုင်ပါတယ် / အလာမဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ

ပါကစ္စတန် နိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စားလှယ် အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ မှ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှုး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ နှင့် တွေ့ဆုံ ပြီး အရေးကြီး အကြောင်း အရာများဆွေးနွေး ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ပါကစ္စတန် နိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စားလှယ် အလမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ မှ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှုး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ နှင့်  တွေ့ဆုံစဥ် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ လုပ်ဆောင်ချက် သည် ထင်ရှား ပြတ်သား နေကြောင်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အနေဖြင့် အစ္စလာမ်မစ် နိုင်ငံများတွင် အစ္စလာမ့် ယဉ်ကျေးမှုကို ပိုမိုချဲ့ ထွင်ရန် အ‌ရေးကြီး လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှုး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ မှလည်း မိမိ ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အနေ ပါကစ္စတန် ခရီးစဥ် အဖြစ်ရောက်ရှိနေခြင်း ဖြစ်ပါတယ်။

သတင်း အထောက်အထားများ အရ  အာယာသွလ္လာဟ် ရမ်တွာန် နီ နှင့် အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ တွေ့ဆုံသည့် အစီအစဥ် တွင် H.Iမိုရ်စလီ   ၊အာဂါယေ ရှရီဖီ ၊ အာဂါယေ ပယာသ် တို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။  ရှီအဟ် အိုလမာ ကောင်စီ ပါကစ္စတန် ၏ ဗဟိုအတွင်းရေးမှူးချုပ် အလာမဟ် ဒေါက်တာ ရှဘီးရ် ဟစန် မိုင်စန်မီ နှင့် ဇာဟစ်ဒ် အလီ  အလီ အာခွန် ဇာဒေဟ် တို့လည်း ပါဝင် ကြပါတယ်။

တွေ့ဆုံပွဲတွင် အလာမဟ် အာရေဇ် ဟိုစိုင်းန် ဝါဟစ်ဒ်ဒီ  ၊ အလာမဟ် ဖယာဇ် ဟိုစိုင်းန် မိုသွဟေရှ ၊ အလာမဟ် အဇ်ဟရ်ဟိုစိုင်းန် ဇိုက်ဒီ နှင့်မောင်လာနာ မဇ်ဟရ် အဘာစ် တို့လည်း ပါဝင်ကြပါတယ်။

ပါကစ္စတန် နိုင်ငံ ဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စားလှယ် အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှုး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ တို့သည် ပညာရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်စားလှယ် အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အကျိုးဆောင် ထားချက်များ ကို လေးစား ဂုဏ်ပြုရင်း ပါကစ္စတန် နိုင်ငံ တွင်  တမန်တော်မြတ် (ဆွ) ၏ နောက်လိုက်များ အချင်းချင်း စည်းလုံး ညီညွတ်ရေး နှင့် ပတ်သက်ပြီး အရေးကြီး ကြောင်း တင်ပြ ခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ မှလည်း ကစ္စတန်ရှိ မွတ်စလင်မ် များ စည်းလုံးညီညွတ်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းအားလုံးနှင့် ပါတီများကြား ဆက်ဆံရေး သည် ထိရောက် ပြီး လက်ရှိ အ‌ခြေအနေ  အတွက် အရေးကြီး လိုအပ်ကြောင်း နယ်ချဲ့ အာဏာ ရှင်များ သည် မွတ်စလင်မ်များ အချင်းချင်း စည်းလုံးမည်ကို မလိုလားကြောင်း ၎င်းတို့၏ မသန့်ရှင်းသည့် အကြံအစည် များကို မွတ်စလင်မ်များ အချင်းချင်း စည်းလုံး ညီညွတ် ခြင်းဖြင့်သာ ဖျက်စီးအောင် ပြုနိုင်ကြောင်း ‌ ပြောကြားခဲ့ပါတယ်။

အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ မှလည်း  အစ္စလာမ် နိုင်ငံ များ တွင် အစ္စလာမ်မီ ယဥ်ကျေးမှု  နှင့် အာဏာ ကို တိုးတက်အောင်ပြုဖို့ အရေး ကြီး ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ယခုခေတ်တွင် အစ္စလာမ်ဆန့်ကျင်ရေး ကြံစည်မှုတိုင်းကို စည်းလုံးညီညွတ်မှုနှင့် သဘောတူညီချက်ဖြင့် မွတ်ဆလင် အုမဟ်များက ချေမှုန်းနိုင်ပြီး အစ္စလာမ့်မြင့်မြတ်မှုများကို စော်ကားခြင်းအတွက် သင့်လျော်သော အကြောင်းပြန် ချက်တစ်ရပ်ကို ပေးစွမ်းနိုင်သည် ကြောင်း ပြောကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် နီ မှ အလာမာဟ် ဆယက်ဒ် စာဂျစ်ဒ်အလီ နကဝီ  ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ် တော် များ ပါဝင် သည့် ဒိုအာ ကားချပ်အား နှင့် စာအုပ်များ လက်ဆောင်  အဖြစ် ပေးခဲ့ပါတယ်။

****************************************************************

END / 251