အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၃ ဇူလိုင် ၂၀၂၃

၁၄:၂၂:၀၁
1379189

အဗ်နာသတင်းဌာန ၏ အကြီးအကဲ နှင့် အီရန် သာသနာရေး နှင့် ယဉ်ကျေးမှု လက်ထောက် ဝန်ကြီး တွေ့ဆုံ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ အကြီးအကဲ အုပ်ထိန်းသူ ဟစန် ဆဒရာယီ အာရေဖ် သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာရေး နှင့် ယဉ်ကျေးမှု လက်ထောက် ဝန်ကြီး ဒေါက်တာ ဖရ်ရှာဒ် မဲဟ်ဒီပူးရ် နှင့် တွေ့ဆုံပြီး အရေးကြီးစကားများပြောဆိုခဲ့ကြပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ  အကြီးအကဲ အုပ်ထိန်းသူ  ဟစန် ဆဒရာယီ အာရေဖ် သည်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာရေး နှင့် ယဉ်ကျေးမှု လက်ထောက် ဝန်ကြီး  ဒေါက်တာ ဖရ်ရှာဒ် မဲဟ်ဒီပူးရ် နှင့် တွေ့ဆုံပြီး အရေးကြီးစကားများပြောဆိုခဲ့ကြပါတယ်။

ဤအစည်းအဝေးတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာရေး နှင့် ယဉ်ကျေးမှု လက်ထောက် ဝန်ကြီး  ဒေါက်တာ ဖရ်ရှာဒ် မဲဟ်ဒီပူးရ်  အနေဖြင့် အဗ်နာသတင်းဌာန ၏ လှုပ်ရှားမှု အသစ်အတွက် အောင်မြင် စေရန် ဆန္ဒပြုပြီး အဗ်နာ သည် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ နောက်လိုက် များ နှင့် အီရန် အစ္စလာမ်မစ်ပြည်သူ့  သမ္မတနိုင်ငံအတွက် အခွင့်အလမ်းကောင်းဖြစ်ပြီး ကောင်းစွာ အသုံးချရန် လိုအပ် ကြောင်းအဗ်နာ ၏ ပရော်ဖက်ရှင်နယ်နှင့် အထူးပြုကဏ္ဍများကို အားကောင်း စေခြင်းဖြင့် ဤအခွင့်အရေးကို ရယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ဖရ်ရှာဒ် မဲဟ်ဒီပူးရ်  အနေဖြင့် ဆက်လက်ပြီး အဗ်နာ သည် မီဒီယာသံတမန် ရေးရာနယ်ပယ်တွင် မရှိမဖြစ် အခန်းကဏ္ဍမှပါဝင်နိုင် ကြောင်း အဗ်နာ အဓိကတာဝန်ကို နိုင်ငံတကာ မီဒီယာ အဖြစ်တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားခဲ့ပါတယ်။

ဤအစည်းအဝေးတွင် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ  အကြီးအကဲ အုပ်ထိန်းသူ  ဟစန် ဆဒရာယီ အာရေဖ် အနေဖြင့် လည်းအဗ်နာ သတင်းဌာန ၏ နောက်ခံအကြောင်းနှင့် ဤ သတင်း ဌာန ၏ နယ်ပယ်အသီးသီးတွင် လုပ်ဆောင်ချက် အသစ်များကို တင်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ  သည် ဘာသာ စကား ၂၇ မျိုး ဖြင့် အဗ်နာ ကမ္ဘာ့ ဝန်ဆောင်မှု ပေးဆောင်နေပြီး မြန်မာ ဘာသာဖြင့် ဝန်ဆောင်မှု ပြုနေ သည်မှာ ၁၂ နှစ်ပါးခန့် ရှိလာပြီး ဖြစ်ပါ တယ်။ အင်န်ရှာအလ္လာဟ် နောက်နှစ်ပေါင်းများ စွာ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) နောက်လိုက် များ အတွက် ဝန်ဆောင်မှုများပြုနိုင်မည်ဟု လည်း အလ္လာဟ့်ထ့ မျှော်ကိုး အားကိုး မိပါတယ်။

****************************************************************

END / 251