အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၅ ဇူလိုင် ၂၀၂၃

၁၁:၁၅:၅၉
1379539

ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ရှိက်ခ် အဖီးဖ် နာဘလ်စီ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ လက်ဘနွန်၏ အထင်ကရ မူဂျာဟစ်ဒ် H.I ရှိက်ခ် အဖီးဖ် နာဘလ်စီ ၏ အလ္လာဟ့် အမိန့်ခံယူသွားမှုအပေါ် ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် ထံ ဝမ်းနည်း ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏သတင်းအထောက်အထားများ အရ ရဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ လက်ဘနွန်၏ အထင်ကရ မူဂျာဟစ်ဒ် H.I ရှိက်ခ် အဖီးဖ် နာဘလ်စီ ၏အလ္လာဟ့် အမိန့်ခံယူသွားမှုအပေါ် ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် ထံ ဝမ်းနည်း ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။

H.I ရှိက်ခ် အဖီးဖ် နာဘလ်စီ သည် ဇီယွန်အစိုးရ (အစ္စရေး)  ကို တော်လလှန်နေသည့် အစ္စလာမ့် ကြံ့ခံရေး သမားများကိုထောက်ခံသည့် ကျော်ကြားသူ လက်ဘနွန်၏ အထင်ကရ ပညာရှင်တစ်ပါးဖြစ်ပါတယ်။ H.I ရှိက်ခ် အဖီးဖ် နာဘလ်စီ  မနာမကျန်း ဖြစ်ပြီး အလ္လာဟ်ဟို အရှင်မြတ် အမိန့်ခံယူသွားခြင်းဖြစ်ပါတယ်။

ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

بسم‌ الله‌ الرحمن‌ الرحیم

လေးစားချစ်ခင်ရပါသော H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ်  ဒါမသ် အစ်ဇဟ်

စလာမ်မွန်းန် အလိုင်းကွမ်း ဝရဟ်မသွလ္လာဟ်

 

မူဂျာဟစ်ဒ် သာသနာ့ပညာရှင် H.I ရှိက်ခ် အဖီးဖ် နာဘလ်စီ ၏ အလ္လာဟ့် အမိန့် ခံယူသွားသည့် အပေါ် ကွယ်လွန်သူ၏ လေးစားအပ်သော မိသားစုဝင်များနှင့် လက်ဘနွန်နှင့် ပါလက်စတိုင်းရှိ မူဂျာဟစ်များအားလုံးအတွက် ဝမ်းနည်းကြောင်း နှင့် ကွယ်လွန်သူအတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ ကရုဏာနှင့် ခွင့်လွှတ်ခြင်းရရှိရန် ဒိုအာ ပြုအပ်ပါသည်။

အလ္လာဟ်အရှင်မြတ်ထံ တော်တွင် လူကြီးမင်း ကျန်းမာ ချမ်းသာပြီး ဒီထက်မက ဂုဏ်သိက္ခာ ရရှိစေပြီး စွမ်းအားများ ရစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဝစလာမ်မွန်းန်အလိုင်းကွမ်း ဝရဟ်မသွလ္လာဟ်

ဆယက်ဒ် အလီခါမေနာအီ

ဇူလိုင်လ ၁၄ ရက်နေ့ ၂၀၂၃ခုနှစ်

****************************************************************

END / 251