အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၁၅ ဇူလိုင် ၂၀၂၃

၁၃:၁၂:၄၀
1379553

စစ်ကောင်စီနှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းကို ထိုင်း ကာကွယ်ပြောဆို

ထိုင်းနိုင်ငံ၏ မြန်မာစစ်ကောင်စီနှင့် အစည်းအဝေး သုံးရပ် ပြုလုပ်ခဲ့ခြင်းသည် မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းရေး မတူညီသော နည်းလမ်းဖြင့် ချည်းကပ်ခြင်းအရာသာ မြောက်ကြောင်း ဂျကာတာတွင် အင်္ဂါနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမက်ဝီနိုင်းက အတည်ပြုပြောဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုင်းနိုင်ငံ၏ မြန်မာစစ်ကောင်စီနှင့် အစည်းအဝေး သုံးရပ် ပြုလုပ်ခဲ့ခြင်းသည် မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းရေး မတူညီသော နည်းလမ်းဖြင့် ချည်းကပ်ခြင်းအရာသာ မြောက်ကြောင်း ဂျကာတာတွင် အင်္ဂါနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမက်ဝီနိုင်းက အတည်ပြုပြောဆိုသည်။

ထို ချည်းကပ်မှုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ခြင်းစာချုပ်ကို ချိုးဖောက်ခြင်းမရှိဟု ဝန်ကြီး ပရာမတ်ဝီနိုင်းက အလေးထားပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က ၂၀၂၂ အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်ခဲ့သော ယင်းစာချုပ်၏ ပုဒ်ခွဲ ၁၄ တွင် “အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု၌ အထောက်အကူဖြစ်နိုင်သော အခြားသော ချည်းကပ်မှုများကို ရှာဖွေဖော်ထုတ်ရန် စဉ်းစားသုံးသပ်သင့်ကြောင်း” ဖော်ပြထားသည်ကို ၎င်းက ရည်ညွှန်းဆိုခြင်းပဲ ဖြစ်သည်။

“ပထမနဲ့ ဒုတိယ အလွတ်သဘောအစည်းအဝေးနဲ့ တတိယမြောက် အစည်းအဝေးတွေဟာ အခြား ချည်းကပ်မှုတွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရမယ်ဆိုတဲ့ စာချုပ် ပုဒ်ခွဲ ၁၄ ကို အပြည့်အဝလိုက်နာပြီး ကျွန်တော်တို့ ကျင်းပခဲ့တာပါ”ဟု ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပန်း၌ ဝန်ကြီးက ပြောသည်။

၂၀၂၃ ဇွန်လ အစည်းအဝေးတစ်ရပ်သို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံးနှင့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကိုပါ ဖိတ်ကြားခဲ့ခြင်းအတွက် ထိုင်းနိုင်ငံအား အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအပါအဝင် တော်တော်များများက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြပြီး အခြားသော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများက တက်ရောက်ခဲ့ကြခြင်း မရှိပေ။

ထိုင်းက ကျင်းပသည့် အစည်းအဝေးများသည် ဘုံသဘောတူညီချက်ငါးရပ်က လုပ်ပိုင်ခွင့်ကို ချိုးဖောက်ရာမြောက်သည်ဟု အင်ဒိုနီးရှားက ပြောဆိုထားသည်။

သို့ရာတွင် အစည်းအဝေးများသည် အလွတ်သဘောသာ ဖြစ်သည်ကို အသားပေးပြောဆိုကာ ထိုင်းနိုင်ငံ၏ လုပ်ဆောင်မှုကို ပရာမတ်ဝီနိုင်းက ကာကွယ်ပြောဆိုပြီး အစည်းအဝေးများသည် အာဆီယံမူဘောင်အတွင်း အကျုံးမဝင်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်းက အာလုံးပါဝင်သော ကျယ်ပြန့်သည့် ဆွေးနွေးပွဲသည် ပြဿနာအား ဖြေရှင်းရေး တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းလည်း ၎င်းက အလေးအနက်ထား ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

****************************************************************
END / 251