အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၉ ဇူလိုင် ၂၀၂၃

၂၀:၂၅:၁၀
1380621

ယခုနှစ် မုဟရမ် နှင့် အာရူရာအဇါဒါရီ ကို ယခင်နှစ်များထက် နှစ်ဆပို၍ ပြုသင့်ပါတယ် / အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ

သက်တော် ၁၀၅ နှစ် ရှိပြီးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ မှ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီ ပြုလုပ်နေသူများ ကို သတင်း သဝဏ်လွှာတစ်ခု အဖြစ် ထုတ်ပြန်ပြီး ယခုနှစ် မုဟရမ် နှင့် အာရူရာအဇါဒါရီ ကို ယခင်နှစ်များထက် နှစ်ဆပို၍ ပြုသင့်ကြောင်းမိန့်ထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှီအဟ်ကမ္ဘာ့ ၏ အကျော်အမော် မရ်ဂျာများ မှ တစ်ပါး ဖြစ်ပြီး သက်တော် ၁၀၅ နှစ် ရှိပြီးဖြစ်သည့် ဟဇရသ်  အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ  မှ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီ ပြုလုပ်နေသူများကို သတင်း သဝဏ်လွှာ တစ်စောင် ကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။

بسم الله الرحمن الرحیم

ကျနော်၏ စလာမ် ကို အန်ဂျွန်မန်များ(အဖွဲ့အစည်းများ) အားလုံး ကို ဆက်သပေးပါ။ ၎င်းတို့အားလုံးကို ယခုနှစ် မုဟရမ်နှင့် အာရူရာအဇါဒါရီ ကို ယခင်နှစ်များထက် နှစ်ဆပို၍ ပြုသင့်ကြောင်း ပြောကြားပေးပါ။

ကမ္ဘာပေါ်တွင် မည်သည့်နေရာ တွင် ရှိသည့် အဇါဒါရီသမား အလံ လှည့်သူများသည် အပြင် သို့ မလွဲမသွေ ထွက်လာကြပါ။ ထိုမှသာ အေမာမ် ဟိုစိုင်းန်(အ.စ) ၏ မိခင်မွန် သခင်မကြီး  ဆစ်ဒီကဟ် ကိုဗ်ရာ (ဖွာတွေမဟ်) (စ.အ) ၏ နှလုံးသား ဒဏ်ရာ အတွက် ဆေးတစ်ခု ဖြစ်စေရန် ဖြစ်ပါသည်။ဤအဇါဒါများ ကြောင်း အလ္လာဟ် ဟို အရှင်မြတ်သည် ကျနော်တို့ အပေါ် မျက်နှာသာ ပေးမည် ဖြစ်ပါသည်။

သို့သော် ကွမ်းမြို့တွင်  အချို့ အဇါဒါရီ အဖွဲ့များ သည် အကြောင်း အမျိုးမျိုးကြောင့် သခင်မကြီး မအ်စူမဟ် (စ.အ) ၏ရောင်ဇာတော် သို့မရောက်ကြကြောင်း သိရှိရပါသည်။ သခင်မကြီး (စ.အ) ၏ ရောင်ဇာတော် ၏ ဗဟိုချက် ကို ဘယ်လိုနည်းနဲ့မဆို ထိန်းသိမ်းထား ရမည် ဖြစ်ပါသည်။ အဇါဒါရီ အဖွဲ့များ အားလုံး အဇါဒါရီ အဖွဲ့ များ မလွဲမသွေ လာသင့်ပါသည်။ သခင်မကြီး မအ်စူမဟ်(စ.အ) ၏ ရောင်ဇာတော် သည် ဗဟိုအချက်အချာ ဖြစ် ပါ သည်။

ကျနော်အနေဖြင့် အဇါဒါရီ အဖွဲ့များ ၏လက်များ ကို နမ်းပါသည်။ မနက်ဖန်ဟာ ကေယမသ် နေ့ဖြစ်ပါမည်။ ထိုနေ့တွင်မိမိတို့ လုပ်ရပ်အကျိုး ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူတို့၏ စားဝတ်နေရေး ခက်ခဲလာသောအခါ ကျွေးမွေးခြင်းလမ်းတွင် ငွေသုံးနိုင်သူများ၏ ဆုလာဘ်မှာ ဖော်မပြနိုင်လောက်အောင် ဖြစ်ပါသည်။

အခမ်းအနား (မဂျ်လစ်ဖြစ်စေ ၊မော်လွဒ်ဖြစ်စေ) တိုင်း ကို ဇေယာရသ် အာလေ့ယာစင်န် ဖြင့် စတင်ရပါမည်။ ယခုကာလတွင်၊ အေမာမ် ဇမာန်း (အ.ဂျ) အား နေ့တိုင်း စူရဟ်ယာစင်န် သေလာဝသ်ပြု ဟဒီယဟ် ပေးရန် မမေ့ဖို့ လိုအပ်ပါသည်။ ကျနော်တို့အေပါ် တစ်စိတ်တစ်ဒေသလေးဖြစ်စေ သနားဂရုပြုလာရန် ဖြစ်ပါသည်။

****************************************************************

END / 251