အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂၄ ဇူလိုင် ၂၀၂၃

၁၈:၀၆:၅၉
1382048

ပန်းဆိုးတန်းခုံးတံတား၌ "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာတန်းချိတ်ဆွဲ ဆန္ဒပြ

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းခုံးတံတားပေါ်မှာ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းတခု ကို ချိတ်ဆွဲခဲ့တယ်လို့ မြေပေါ်မြေအောက်ရဲဘော်တွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းခုံးတံတားပေါ်မှာ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းတခု ကို  ချိတ်ဆွဲခဲ့တယ်လို့ မြေပေါ်မြေအောက်ရဲဘော်တွေက ပြောပါတယ်။

ဇူလိုင် ၂၃ ရက်ဟာ  ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်(ခ) ကိုမျိုးနဲ့ ကိုအောင်သူရဇော်(ခ) ကိုဂတုံးတို့ စစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးတဲ့ တနှစ်ပြည့်အဖြစ် လှုပ်ရှားတာလို့ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း (Sc Strike) က တာဝန်ရှိသူ က ပြောပါတယ်။

"စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကျဉ်းခန်းမှာ ကျဆုံးခဲ့ရသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေ၊ ကျေးလက်ဒေသမှာ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာတွေအတွက် “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” ဆိုတဲ့ သဘောထားကို သိစေဖို့ ဖြစ်ပါတယ်"

လက်ရှိ ရန်ကုန်မြို့ကို မြေပေါ်မြေအောက်ရဲဘော်တွေအနေနဲ့ စနစ်တကျထိုးဖောက်နေတယ်လို့  စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)က ဆက်ပြောပါတယ်။

"တော်လှန်ရေးကာလ ၂ နှစ်ကျော် သုံးနှစ်ထဲဝင်လာတာနဲ့အမျှ မြေပေါ်မြေအောက် ရဲဘော်တွေ ကြပ်တည်းလာတာတော့အမှန်ပဲ၊ စစ်ခေါင်းဆောင်က ဖိနှိပ်ပေမဲ့ UG တွေက ထိုးဖောက်နေဆဲ ဖြစ်တယ်။ အဆုံးအထိ တော်လှန်သွားမှာပါ။"

အဲဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ Revolution Force(RF) တို့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို အခုချိန်မှာ အပြည့်အဝကာကွယ် မပေးနိုင်သေးပေမဲ့ အတတ်နိုင်ဆုံး စစ်တပ်ကို တွန်းလှန်အမြစ်ဖြတ်ပြီး နောက်ဆုံးအချိန်ထိ ကာကွယ်ပေးပါမယ်လို့ ဆိုပါတယ်။

****************************************************************
END / 251