အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၄ ဇူလိုင် ၂၀၂၃

၁၈:၅၉:၄၃
1382053

ကျမ်းမြတ် ကုရ်အာန်၏ ကြီးကျယ် မြင့်မြတ်မှုအတွက် မွတ်စလင်မ်အွန်မသ် တစ်ခု လုံးစည်းလုံး ညီညွတ်ရန် အရေးကြီးပါတယ် / အလာမဟ် မွတ်စ်သဖွာ မဲဟ်ဒီ

ထူးချွန်သည့် အာလင်မ်တစ်ပါးဖြစ်သည့် အလာမဟ် မွတ်စ်သဖွာ မဲဟ်ဒီ မှ လာဟိုရ် မြို့ တွင် ပြုလုပ်သည့် မဂျ်လစ် အဇါအ် တစ်ခုတွင်ကရ်ဗလာ ရှိ ရောင်ဇာတော် အုပ်ချုပ်စီစဥ်သူများ မှအေမာမ်ဟိုစိုင်းန်(အ.စ)၏ ရောင်ဇာတော် အလံ အား မုဟရမ်လ ၁ရက်တွေ အလံပြောင်းလွှင့်တင်ချိန် ကျမ်းတော်မြတ် ကုရ်အာန် အား ကိုင်‌မြှောက်ပြပြီးကုရ်အာန် နှင့်အတူရှိကြောင်းပြသ၍လွှင့်တင်ခဲ့သည်ဟုပြောကြားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထူးချွန်သည့် အာလင်မ်တစ်ပါးဖြစ်သည့် အလာမဟ် မွတ်စ်သဖွာ မဲဟ်ဒီ မှ လာဟိုရ် မြို့ ဂိုလ်ဗရ်က် ဧရိယာ ရှိ ဂျမေအ် မိုဟမ္မဒ်ဒီ မတ်စ်ဂျစ်ဒ် တွင် ပြုလုပ်သည့် ၁၀ရက်တာမဂျ်လစ် အဇါအ် ၏ မဂျ်လစ် တစ်ခုတွင် တရားဟောကြားစဥ် ဆွီဒင်နိုင်ငံဘက်မှ  ကုရ်အာန် ကျမ်းမြတ်အားစော်ကားမှု အပေါ်  ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပါတယ်။ ပြီးနောက် မနက်ဖန် မဂျ်လစ်  သို့လာရောက်ကြသူများ အားလုံးသည် ကုရ်အာန် ကျမ်းမြတ် ကို မိမိတို့နှင့်အတူ ယူဆောင်လာကြရန် ပြီးနောက် လက်တွင် ကိုင်‌မြှောက် ပြ၍ ဆွီဒင် နှင့် အစ္စလာမ် ရန်သူများ ကို ကျွန်ုပ်တို့သည် ကျမ်းတော်မြတ်ကုရ်အာန် ထိန်းသိမ်း စောင့်‌ရှောက်ရန် တစ်ညီတစ်ညွတ်တည်း ရှိကြောင်း ပြသရန် ဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ကျနော်တို့တတွေဟာကျမ်းတော်မြတ်ကုရ်အာန် နှင့်ဝေးကွာ နေကြောင်း အကယ်၍ ကျမ်းတော်မြတ်ကုရ်အာန်ကို ဆုပ်ကိုင်ထား မည်ဆိုလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလာမဟ် မွတ်စ်သဖွာ မဲဟ်ဒီ မှဆက်လက်ပြီး တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) အနေဖြင့် မိမိအွန်မသ် (နောက်လိုက် နောက်သားများ) အား “ ကျွန်ုပ်အနေဖြင့် အဖိုးတန် အရာ နှစ်ခု အား အား အသင်တို့အကြားတွင်ထားခဲ့မည်။ တစ်ခုမှာကျမ်းတော်မြတ် ကုရ်အာန် ဖြစ်ပြီး နောက်တစ်ခု မှာ ကျွန်ုပ်၏ အဲ့‌ဟ်လေ့ဘိုက်(သ)(အ.စ)ဖြစ်ပါသည်။ ထိုအရာနှစ်ခုအား မြဲမြံစွာဆုပ်ကိုင်ထားမည် ဆိုလျှင် လမ်းလြွလမ်းမှားသို့ရောက်မည်မဟုတ်ချေ။” အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အလာမဟ် မွတ်စ်သဖွာ မဲဟ်ဒီ မှဆက်လက်ပြီး ဆွီဒင်မှာ ကျမ်းတော်မြတ် ကုရ်အာန်ကို စော်ကားတယ် ၊ မွတ်စလင်မ်များ နှုတ်ဆိတ်နေကြောင်း ​​ကွဲလွဲမှုတွေကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မပေးနိုင်တာ သနားစရာဖြစ်ကြောင်း ရှီအဟ် နှင့် စွန္နီ အားလုံးသည် ကျမ်းတော်မြတ် ကုရ်အာန်ကို စော်ကားတဲ့ ဖြစ်ရပ်အတွက် ပူးပေါင်းပြီး ထိထိရောက်ရောက် တုံ့ပြန်သင့်ကြောင်း ယခုအခါ ကျမ်းတော်မြတ်ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ် မှု အတွက် မွတ်စလင်မ်အွန်မသ် တစ်ခု လုံးစည်းလုံး ညီညွတ်ကြရန် အရေးကြီး ကြောင်းပြောကြားခဲ့ပါတယ်။

****************************************************************

END / 251