အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၇ ဇူလိုင် ၂၀၂၃

၀၈:၁၃:၅၀
1382732

စစ်ရေးတင်းမာနေသဖြင့် ဟုမ္မလင်းဒေသခံများ တိမ်းရှောင်ရန် ရှမ်းနီတပ် အမိန့်ထုတ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ ရှမ်းနီ အမျိုးသားတပ်မတော် (SNA) က အမိန့်ထုတ်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ ရှမ်းနီ အမျိုးသားတပ်မတော် (SNA) က  အမိန့်ထုတ်ထားပါတယ်။

လွှစင်ကုန်းကျေးရွာက စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၂၂ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် လွှစင်ကုန်းကျေးရွာနဲ့ မြောက်ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ (SNA) က  အမိန့်ထုတ်ထားတာလို့ သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စစ်တပ်စခန်းချထားတဲ့ လွှစင်ကုန်းစခန်းကို PDF က ဝင်ပစ်တယ်။ အဲ့ဒါဖြစ်ပြီးတဲ့နောက် ဇူလိုင် ၂၅ ရက်နေ့လောက်မှာပဲ လွှစင်ကုန်းနဲ့ မြောက်ရွာက ပြည်သူတွေကို တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် နေအိမ်တွေကနေ ပစ္စည်းတွေ အကုန်သယ်ပြီး စွန့်ခွာဖို့ ရှမ်းနီတပ် SNA က အမိန့်ထုတ်တယ်။ အိမ်‌တွေကိုလည်း တအိမ်တက်ဆင်း လိုက်ပြောတာရှိတယ်။ တချို့တွေလည်း ပြောင်းကုန်ကြပြီ” လို့ ပြောပါတယ်။

ရှမ်းနီတပ် (SNA) က ရွှေ့ပြောင်းခိုင်းတဲ့အတွက် လွှစင်ကုန်းကျေးရွာနဲ့ မြောက်ကျေးရွာက ဒေသခံတွေဟာ ဟုမ္မလင်းမြို့ပေါ်နဲ့ ဘေးလွတ်ရာ တခြားကျေးရွာတွေက နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေရှိရာနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတာပါ။ မြောက်ကျေးရွာမှာ အိမ်ခြေ ၁၀၀ နီးပါးနဲ့ လွှစင်ကုန်းကျေးရွာမှာ အိမ်ခြေ ၈၀ နီးပါးရှိတဲ့ ကျေးရွာနှစ်ရွာ ဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတပ် (SNA) ကို ဒေသခံ ပြည်သူတွေက စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အတွက် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖာ်ဝါရီ ၁ ရက်ကလည်း ဟုမ္မလင်းမြို့ ရွှေပြည်အေး မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။


****************************************************************
END / 251