အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၈ ဇူလိုင် ၂၀၂၃

၁၉:၂၈:၂၂
1382924

အီရန်အစ္စလာမ်မစ် တော်လှန်ရေးသည် အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် အာရှုရာ ကျောင်းတော် ၏ အဆက်ဖြစ်ပါတယ် / အီရန် သမ္မတ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ အစ္စလာမ့် ရှဟီးဒ်တော်များ၏ သန့်ပြန့်သည့် သွေးစတေးမှုများ ကြောင့် ကမ္ဘာ စနစ်သစ် ကို ထူထောင် နေကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ အီရန်အစ္စလာမ်မစ်တော်လှန်ရေး ၏ ကျောင်းတော် သည် အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် အာရှုရာ ကျောင်းတော် ၏ အဆက်ဖြစ်ကြောင်း ယနေ့ အစ္စလာမ့် ရှဟီးဒ်တော်များ၏ သန့်ပြန့်သည့် သွေးစတေးမှုများ ကြောင့် ကမ္ဘာ စနစ်သစ် ကို ထူထောင် နေပြီးဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ဟဇရသ် အဗါ အဗ်ဒွလ္လာဟ် အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် ကရ်ဗလာ ၏ ရှဟီးဒ်တော်များ အား အောက်မေ့ခြင်း အထိမ်းအမှတ်အနေဖြင့် မုဟရမ် ၉ရက်‌ မြောက်ည ၏ တွင် မတ်စ်ဂျစ်ဒ် စလ်မန်ဖါရစီ တွင် မဂျ်လစ်စေ အဇါ ပြုလုပ်ခဲ့ပါတယ်။ဤမဂျ်လစ်တွင် အီရန် ဒုတိယသမ္မတအပါအဝင် ဝန်ကြီးအများအပြားနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ထမ်းများ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ မှ ဤမဂျ်လစ် တွင် မိန့်ခွန်းပြောကြားရာတွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေး ၏ ကျောင်းတော် သည် အေမာမ်ဟိုစိုင်းန် (အ.စ) နှင့် အာရှုရာ ကျောင်းတော် ၏ အဆက်ဖြစ်ကြောင်း အေမာမ် ဟိုစိုင်းန်(အ.စ) အနေဖြင့် မိမိ၏ သန့်ပြန့်သည့် သွေး အား စတေးပြီး လူ့အဖွဲ့အစည်းမှ ဂျေဟာလသ် (ပညာမဲ့ခြင်း၊အသိဥာဏ်မဲ့ခြင်း) ကို ဖယ်ရှား ပေးသကဲ့ သို့ ယနေ့ ကျွန်ုပ်တို့ ၏ ရှဟီးဒ်များ ၏ သန့်ပြန့်သည့် သွေး များ စတေး၍ ခေတ်သစ် ပညာမဲ့ခြင်း အသိဥာဏ် မဲ့ခြင်း ကို တိုက်ဖျက် နေရင်း လူအဖွဲ့အစည်း မှ ပညာမဲ့ခြင်း အသိဥာဏ် မဲ့ခြင်း ကို ဖယ်ရှားနေကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် သမ္မတ မှဆက်လက်ပြီး ယနေ့ အစ္စလာမ့် ရှဟီးဒ်တော်များ၏ သန့်ပြန့်သည့် သွေးစတေးမှုများ ကြောင့် ကမ္ဘာ စနစ်သစ် ကို ထူထောင်လျက်ရှိရာ ယနေ့ခေတ် အမှားအမှန် ၏ တိုက်ပွဲ တွင် စိတ်ဆန္ဒ၊ ခံနိုင်ရည်ရှိမှု(ကြံ့ကြံ့ခံနိုင်မှု) ၊ ကြိုးစားအားထုတ်မှု၊ နေ့ညမပြတ် အားထုတ်မှု တို့ဖြင့် တည်ကြည်စွာဖြင့် တိုက်ပွဲဝင် ရမည် မှာ မိမိတို့၏ တာဝန် ဝတ္တရားဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် ရအီစီ မှ အာရှုရာ နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တော်လှန်ရေး ကို လူ့ဘောင်အတွင်း ပြောင်းလဲမှုများအားလုံး အတါက် သရုပ်ပြဖြစ်ကြောင်း အာရှုရာသည် ည် လမ်းပျောက်ရန် ခွင့်မပြုသော အလံဖြစ် ကြောင်း အရ်ဗအီးန် လှုပ်ရှား မှု (အောက်မေ့သတိရမှု) သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏တော်လှန်ရေး ကို  မပျောက်စေသည့် အကြောင်းခံ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251