အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၃၀ ဇူလိုင် ၂၀၂၃

၁၈:၀၄:၂၀
1383630

စစ်အုပ်စုကို ချေမှုန်းမည့် မည်သည်အဖွဲ့နှင့်မဆို ပူးပေါင်းမည်ဟု ဓနုတပ်ဦးပြော

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းမယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front)က ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းမယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front)က ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ပါတယ်။

ဓနုလူငယ်တွေနဲ့ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းလို့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်ဒေသမှာ သွားရောက် စစ်ပညာသင်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့မှာ ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး (DPLF) ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

DPLF ဟာ ဓနုတမျိုးသားလုံးနဲ့ ဒေသတွင်း အတူနေညီနောင်တိုင်းရင်းသား အားလုံး အ ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူအခွင့်ရေးကို အာမခံတဲ့ ဓနုပြည်နယ် တည်ဆောင်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးအတွက် ဦးတည်ပြီး တည်ထောင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အခုလက်ရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဟာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)နဲ့ ပူးတွဲပြီး သပြေညိုစစ်ဆင်ရေးမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ များပြား ခဲ့သလို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဘက်ကလည်း ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။

ဓနုတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ်၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ တောင်ကြီးမြို့နယ်တို့မှာ အဓိကနေထိုင်ပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်း ပျံ့နှံ့နေထိုင်ကြပါတယ

****************************************************************
END / 251