အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁ ဩဂုတ် ၂၀၂၃

၁၈:၁၀:၄၁
1384260

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ပတ်သက်၍ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဆုံးမ သြဝါဒတော်များ

ကျမ်းတော်မြတ် ကုရ်အာန် နှင့် ပတ်သက်၍ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ ဆုံးမ သြဝါဒတော် ၁၂ချက် အား အဗ်နာ ချစ်ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၁။ ဤ လူမျိုး (အီရန်) ၏ အနာဂတ်၊ တော်လှန်ရေး နှင့် ကမ္ဘာကြီးသည် ကျမ်းတော်မြတ် ကုရ်အာန်ပေါ်တွင် မူတည် ပါသည်။

၂။အစ္စလာမ့်တော်လှန်ရေး ဆက်လက်ဖြစ်ပေါ်နေခြင်းသည် ကျွန်ုပ်တို့လူ့အဖွဲ့ အစည်းအတွင်း ကျမ်းတော်မြတ် ကုရ်အာန် ၏ နက်နဲသော ထိုးဖောက် ဝင်ရောက် မှုနှင့် သြဇာလွှမ်းမိုးမှုကြောင့်ဖြစ်ပါသည်။

၃။ယနေ့တွင် အစ္စလာမ်ကမ္ဘာ၏ မဖြစ်မနေ ဆောင်ပုဒ် နှင့် ညာသံ သည် ကျမ်းတော်မြတ်ကုရ်အာန် ဘက်သို့ပြန် လှည့်ရန် နှင့် ၎င်းအပေါ် လိုက်နာကျင့်သုံးသင့်ရန် ဖြစ်ရပါမည်။

၄။ကုရ်အာန်တွင် ဆင်ခြင်သုံးသပ်ခြင်းသည် လူသားကို ကယ်တင်ရန်နှင့် အလ္လာဟ်ဟို အရှင်မြတ်ထံ  ချဉ်းကပ်ရန် သော့ချက်ဖြစ်ပါသည်။

၅။သင့်ကလေးများကို ကျမ်းတော်မြတ်ကုရ်အာန် သင်ကြားပေးပါ။ အသင်တို့သည် ကျမ်းတော်မြတ် ကုရ်အာန်ကို အကျွမ်း တဝင်ရှိကြသည့် ဖြူစင်ပြီး ဉာဏ်အလင်းရှိသော လူငယ်များ ဖြစ်ကြပြီး ကုရ်အာန် ကျမ်းမြတ် ကို အာဂုံဆောင် ထိန်းသိမ်း ထား နိုင်သည့် အ‌ပေါ် တန်ဖိုးထားပါ။အလွန်တန်ဖိုးရှိပြီး အလွန် မြတ် နိုးစရာ ဖြစ်ပါ သည်။တန်ဖိုးကို သိမြင်သည့်အခါ ဤအလုပ်ကို ဆက်လက်ပြီး လုပ်ဆောင်မည် ဖြစ်ပါ သည်။ အလင်းရောင်၏အရင်းအမြစ်ဖြစ်သည့် ကျမ်းတော်မြတ် ကုရ်အာန် ဘက်သို့သွားသည့် လမ်းသည် မည်သည့် အခါမျှ ကုန်ဆုံးမည် မဟုတ်ချေ။ အွန်မသ်အစ္စလာမ်မီ (အစ္စလာမ် ဘာသာဝင်များ) သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ ကောင်းချီးမင်္ဂလာကြောင့် မိမိတို့၏ နေရာကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။

၆။ အစ္စလာမ့်လူ့အဖွဲ့အစည်းသည် ကျမ်းတော်မြတ် ကုရ်အာန်အား နားလည် အောင် ကြိုးစား ချဉ်းကပ်ခြင်းဖြင့် ကြီးထွား အားကောင်းလာမည်ဖြစ်ပါသည်။

၇။အစ္စလာမ့်လူ့အဖွဲ့အစည်းသည် ကုရ်အာန်၏နားလည်မှုကို ချဉ်းကပ်ခြင်းဖြင့် လွတ်လပ်ရေးကို ရရှိမည် ဖြစ်ပါ သည်။

၈။ ကျွန်ုပ်တို့အား အီမာန် သက်ဝင် ယုံကြည်မှု ကို ထာဝရ ရှင်သန်စေနိုင်ပြီး ကျွန်ုပ်တို့၏ နှလုံးသားနှင့် ခြေဖဝါး များ ကို ခိုင်ခံ့စေသော အရာမှာ ကျမ်းတော်မြတ် ကုရ်အာန်ဖြစ်ပါသည်။

၉။ ဂုဏ်သိက္ခာ နှင့် တန်ခိုးအာဏာသည် သက္က်ဝါးတရား နှင့် ကျမ်းတော် မြတ် ကုရ်အာန် အား ဆုပ်ကိုင်ထားမှု ဆိုသည့် အရိပ်တော် အောက်တွင်ရှိခြင်း နှင့်  အလ္လာဟ် မှအပ မည်သူကိုမျှ မကြောက်ရွံ့ခြင်းဖြင့်သာ ရရှိမှာ ဖြစ်ပါ သည်။

၁၀။ ကျွန်ုပ်တို့ ၏ တော်လှန်ရေးကျမ်း သည် ကျမ်းတော်မြတ် ကုရ်အာန်ဖြစ်ပါသည်။

၁၁။ မအ်ရေဖသ်(အတွင်းကျကျသိသည့်အသိပညာ)  ၊ လွတ်မြောက်မှု၊ ကျန်းမာခြင်း၊ ကြီးပွားတိုးတက် ခြင်းနှင့် ချီးမြှောက်ခြင်း နှင့်အနန္တတန်ခိုးရှင် မြတ်အလ္လာဟ် ထံ လူသား၏ ချဥ်းကပ်ခြင်း ကျမ်းတော်မြတ် ကုရ်အာန် ၏ အောင်မြင်မှုများ မှ တစ်ခု ဖြစ်ပါသည်။

၁၂။ ကျမ်းတော်မြတ် ကုရ်အာန်အပေါ် လက်တွေ့လိုက်နာ ကျင့်သုံး နိုင်ရန် နိဒါန်းပျိုးခြင်းသည် နားလည် သဘောပေါက်ခြင်းဖြစ်ပြီး ကျမ်းမြတ် ကုရ်အာန်ကို နားလည်ခြင်း၏ နိဒါန်းမှာ ၎င်း၏အဓိပ္ပါယ်များကို နားလည် သဘောပေါက်ပြီး စဉ်းစားတွေးခေါ်ခြင်းဖြစ်ပါသည်။

****************************************************************

END / 251