အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂ ဩဂုတ် ၂၀၂၃

၁၉:၅၅:၅၁
1384492

ဆွီဒင် နှင့် ဒိန်းမတ် ထုတ်ကုန်များကို သပိတ်မှောက် ရမည် / ရှိက်ခ်ခိုလ်အဇ်ဟရ်

အီဂျစ် နိုင်ငံ ဂျာမေအသိုလ်အဇ်ဟရ် ၏ ကျောင်း အုပ်ဆရာတော် မှ ဟောင်ဇေအေလ်မီယေ အီရန် (အီရန် သာသနာ့ တက္ကသိုလ် ) ၏ ကျောင်း အုပ်ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ ၏ ပေးစာ ကို ကြိုဆို ပြီး စာအဖြေတွင် မွတ်စလင်မ်များ၏ စည်းလုံး ညီညွတ်မှုကို အလေးပေး ပြောကြားခဲ့ ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ သတင်း အထောက်များအရ အီဂျစ် နိုင်ငံ  ဂျာမေအသိုလ်အဇ်ဟရ် ၏ ကျောင်း အုပ်ဆရာတော်  ရှိက်ခ် အဲဟ်မဒ် အလ်သွာရစ်ဗ် မှ လူမဆန်စွာ နှင့် ယဉ်ကျေး သိမ်မွေ့မှု မရှိသည့် ဖြစ်ရပ်ကို မွတ်စလင်မ်မ်များ အနေဖြင့်  ဘုံရပ်တည် ချက်ဖြင့် ဆန့်ကျင် ကြရန် မွတ်စလင်မ်များ အနေဖြင့် ဘုံ ရန်သူကို ရင်ဆိုင်ရန်ပေါင်းစည်း ညီညွတ် ကြရန် အရေးကြီး ကြောင်းဤသို့ ပြုလုပ် ကြမည်ဟု လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရှိက်ခ် အဲဟ်မဒ် အလ်သွာရစ်ဗ် မှ တိုက်တွန်းပြောကြားရင်း နောက်တစ်ဖန် အာရပ်များ အားလုံး နှင့် အစ္စလာမ့် နိုင်ငံများ အားလုံး ထံမေတ္တာ ရပ်ခံကြောင်း ထိုအချက်မှာ အလ္လာဟ်  နှင့် ထိုအရှင်၏ ကျမ်း မြတ် ကို ထောက်ခံသည့် အနေဖြင့် အရေးကြီးသော ခြေလှမ်းကို လှမ်းနိုင်ရန် ဆွီဒင်နှင့် ဒိန်းမတ် ထုတ်ကုန်များကို သပိတ်မှောက် ထားကြ ရန် ကမ္ဘာပေါ်ရှိ လွတ်လပ်မှုကို လိုလားသူတိုင်း ဤ အရေးကြီး ခြေလှမ်း ကိုလှမ်းပေး ကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး အလ္လာဟ် ကျမ်းဂန် ကို စော်ကားသည့် နိုင်ငံများ ကိုတားမြစ် ပိတ်ပင်ခြင်းမပြုခြင်းသည် အလ္လာဟ့်ကျမ်းဂန် နှင့် အစ္စလာမ် သာသနာ၏ ရန်သူ ရာဇဝတ် သားကောင်များကို အားပေးအားမြှောက် ပြုခြင်း ဖြစ်ကြောင်း ဤပြဿနာကို လျစ်လျူရှုခြင်းသည် ရာဇ၀တ်မှုများနှင့် ဆန့်ကျင်သူများ၏ ထောက်ခံမှုကို ဆက်လက်ဖြစ်ပေါ်စေ မည် ဖြစ်ကြောင်း မွတ်စလင်များနှင့် ၎င်းတို့၏ မြင့်မြတ်မှုများကို စော်ကားလိုသူတိုင်းကို ကျွန်ုပ်တို့ ဆန့်ကျင် မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်ပိုင်းက ကျမ်းတော်မြတ်ကုရ်အာန်ကို အဆက်မပြတ် စော်ကားခဲ့ပြီးနောက် ဟောင်ဇေ အေလ်မီယေ အီရန် (အီရန် သာသနာ့ တက္ကသိုလ် ) ၏ ကျောင်း အုပ်ဆရာတော် ဟဇရသ် အာယာ သွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည် အီဂျစ် နိုင်ငံ  ဂျာမေအသိုလ်အဇ်ဟရ် ၏ ကျောင်း အုပ်ဆရာတော်  ရှိက်ခ် အဲဟ်မဒ် အလ်သွာရစ်ဗ် သို့ စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ ၎င်းစာ တွင် အစ္စလာမ်ကမ္ဘာမှ နိုင်ငံရေးသမားများ၊ အရေးပါ အရာရောက်ပုဂ္ဂိုလ်များ နှင့် ပညာရှင်အားလုံး၏ ထောက်ခံမှုဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားပြီး ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံရှိ ကျမ်းမြတ်ကုရ်အာန်ကို စော်ကားခြင်းအား ပြတ်ပြတ်သားသား ရပ်တည်ရန် အလေးပေးထားပါတယ်။

အီဂျစ် နိုင်ငံ  ဂျာမေအသိုလ်အဇ်ဟရ် ၏ ကျောင်း အုပ်ဆရာတော်  ရှိက်ခ် အဲဟ်မဒ် အလ်သွာရစ်ဗ် သည်စွန်နီ ကမ္ဘာ ၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး ဟောင်ဇေအေလ်မီယေ အီရန် (အီရန် သာသနာ့ တက္ကသိုလ် ) ၏ ကျောင်း အုပ်ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည်ရှီအဟ် ကမ္ဘာ ၏ အကြီး အကဲတစ်ဦးဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အစ္စလာမ် ရန်သူများ အား စွန်နီ ရှီအဟ် ပူးပေါင်း၍ ရင်ဆိုင်တော်လှန်ရေးခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251