အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂ ဩဂုတ် ၂၀၂၃

၂၀:၅၅:၀၄
1384498

စစ်တပ် မီးရှို့ခံခဲ့ရသည့် မြောင်မြို့နယ်မှ အိမ်ထောင်စု ၁၁၆ စုကို ဆန်၊ ဆီများ လှူဒါန်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတရွာက အိမ်ထောင်စု ၁၁၆ စုအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ အမျိုးသမီးသုံးပစ္စည်းတွေကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က သွားရောက်လှူဒါန်းခဲ့တယ်လို့ သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတရွာက အိမ်ထောင်စု ၁၁၆ စုအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ အမျိုးသမီးသုံးပစ္စည်းတွေကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က သွားရောက်လှူဒါန်းခဲ့တယ်လို့ သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

CDSOM တာဝန်ခံတဦးက “အဲဒီရွာက စစ်​ကောင်စီရဲ့ မီးရှို့ခံရတာ မနှစ်က တကြိမ်၊ ခုထပ်ပြီး တကြိမ်​ဆို​တော့ မီးရှို့ဖျက်ဆီးခံရတာ ၂ ကြိမ်ရှိပါပြီ။ အဲ့ရွာကို အခုလှူဒါန်းတာ ဒုတိယအကြိမ်ပါ။ ဒီနေ့လှူဒါန်းမှုက တန်ဖိုး စုစုပေါင်း ၁၄၃၂၅၀၀ကျပ်ပါဗျာ။ CDSOM အ​နေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူ​တွေရဲ့ ​ထောက်ပို့မှု​တွေရယ် မဟာမိတ်အဖွဲ့​​တွေနဲ့ ပူး​ပေါင်းပြီး အဲ့ရွာကို ကူညီမှု​တွေအ​နေနဲ့ အစား​အသောက် ရိက္ခာ၊ အဝတ်အထည်နဲ့ ခြုံ​​စောင်​တွေ ပံ့ပိုး​ပေးခဲ့​တာ​တွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) နဲ့အတူ မြောင်လူငယ်ကွန်ရက် (YFC)၊ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ (M2W) တို့ ပူးပေါင်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး လုံခြုံရေးနဲ့ လမ်းကြောင်းကိစ္စတွေအတွက် မြောင်မြို့နယ် လုံခြုံရေး (မြို့နယ် ပလဖ)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၃၊ Blood Brother အဖွဲ့တို့က လိုက်ပါ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို မီးဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က ဆိုပါတယ်။

****************************************************************
END / 251