အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၇ ဩဂုတ် ၂၀၂၃

၂၀:၂၉:၂၃
1385471

အလ်အက်ဇွာမတ်စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုသူ ၅သောင်းကျော် တက်ရောက်

အလ်အက်ဇွာမတ်စ်ဂျစ်ဒ် တွင် ယနေ့ သောကြာနမာဇ် ဝတ်ပြုသူပါလက်စတိုင်း နိုင်ငံသားပေါင်း ၅သောင်းကျော် တက်ရောက် ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ သတင်း အထောက်များအရ အစ္စလာမ်မီ ဝတက္က အဖွဲ့၏ ကြေညာချက်အရ  အလ်အက်ဇွာမတ်စ်ဂျစ်ဒ် တွင် ဇီယွန်ဝါဒီ အစိုးရ ၏ လုံခြုံရေး တင်းကြပ် ထားသော်လည်း ယနေ့ သောကြာနေ့ နမာဇ် ဝတ်ပြု ချိန် တွင် ပါလက်စတိုင်း သား အယောက် ၅၀,၀၀၀ ပါဝင် တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။

အလ်အက်ဇွာမတ်စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုရန် အများ အပြားတက်ရောက် ခဲ့ကြပြီး ပါလက် စတိုင်းသားများ အလ်အက်ဇွာမတ်စ်ဂျစ်ဒ် သို့ မသွားရောက် နိုင်ရန် ဇီယွန်အစိုးရသည် တင်းကြပ် သောလုံခြုံရေး အစီအမံများကြားမှ ပါလက် စတိုင်းသားများသည် မနက် အချိန်ကတည်းမှ ရောက်လာကြခြင်း ဖြစ်ပါတယ်။

အလ်အက်ဇွာမတ်စ်ဂျစ်ဒ် တွင် ပါလက်စတိုင်းသားများ၏ သောကြာ နမာဇ် ဝတ်ပြုမှုများတွင် ပါဝင်မှုမှာ အဆက်မပြတ် ပိုမိုများပြားလာပါတယ်။ ကုလသမဂ္ဂအဖွဲ့ UNESCO က ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ အလ်အက်ဇွာမတ်စ်ဂျစ်ဒ်  မွတ်စလင်မ်များ နှင့်  သက်ဆိုင်ပြီး ဂျူးများ (အစ္စရေးများ) နှင့် မသက်ဆိုင်ကြောင်း  ကြေငြာထားဖြစ်ပါတယ်။

အနောက်နိုင်ငံများ နှင့် အမေရိကန် သည် နိုင်ငံ တကာ ကိစ္စ တွင် လူ့အခွင့်အရေး ၊လူ့အခွင့်အရေး ဟု ညာသံပေးနေပြီး ဤကိစ္စများ အားလျစ်လှူရူထား နေကြပါ တယ်။

****************************************************************

END / 251