အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၁၀ ဩဂုတ် ၂၀၂၃

၂၀:၂၇:၁၆
1386228

အီသီယိုးပီးယားတွင် ပြည်တွင်းစစ်နောက်တစ်ခု ပြန်စ

အီသီယိုးပီးယားက လူဦးရေအထူထပ်ဆုံး အမ်ဟာရာပြည်နယ်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေကြောင့် ဒီကနေ့မှာ အရေး ပေါ်အခြေ အနေ ကြေငြာလိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

            အီသီယိုးပီးယားက လူဦးရေအထူထပ်ဆုံး အမ်ဟာရာပြည်နယ်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေကြောင့် ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပါတယ်။ ဖာနို ပြည်သူ့စစ်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့အကြား အခုသီတင်းပတ် အစောပိုင်းက စတင်ကာ တိုက်ပွဲတွေဖြစ်လာပြီး နောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်လာပါတယ်။
            အချိန်ပိုင်းတပ်ဖွဲ့တစ်ခုပါ။ တီဂရေးဒေသမှာ ၂ နှစ်ကြာဖြစ်ပွားတဲ့ ပြည်တွင်းစစ်အတွင်း အစိုးရတပ်တွေက ဖာနိုအဖွဲ့ကို လက်နက်ထောက်ပံ့ပေးကာ သူတို့ဖက်က တိုက်ခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ စစ်ပွဲအပြီး အမ်ဟာရာဒေသ လုံခြုံရေးတပ်ဖွဲ့ထဲ ထည့်သွင်းပေးဖို့ ဖာနိုတပ်ဖွဲ့က တောင်းဆိုရာကနေ အစိုးရတပ်နဲ့ တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။
            တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အမ်ဟာရာ လုံခြုံရေးတပ်ဖွဲ့က ပြည်ထောင်စုအစိုးရထံကနေ စစ်ကူတောင်းခဲ့ရပါတယ်။အရေးပေါ်အခြေအနေ ကြေငြာလိုက်တာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး၊ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားပါတယ်။

****************************************************************
END / 251