အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၉ ဩဂုတ် ၂၀၂၃

၀၂:၅၃:၅၅
1387789

အရ်ဘအီးန် အချိန်အခါ တွင် ဇေယာရသ်ပြုရန် အီရတ်နိုင်ငံ သို့ ငါးသန်းကျော် ရောက်ရှိ လာနိုင်ကြောင်း မျှော်လင့်

အီရတ်စစ်တပ်၏ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ယခုနှစ်အတွင်း အရ်ဘအီးန် အချိန်အခါ တွင် ဇေယာရသ်ပြုရန် ပြည်ပနိုင်ငံများမှ လာရောက်သူ အရေအတွက်မှာ ၅ သန်းကျော် ရှိသည်ဟု ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အီရတ်စစ်တပ် ၏ ပူးတွဲစစ်ဆင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သဲဟ်စင်းန်အလ်ခဖါဂျီ ၏ ခန့်မှန်းချက်အရ ယခုနှစ် အရ်ဘအီးန် အချိန်အခါ တွင် ဇေယာရသ်ပြုရန် အီရတ်သို့ နိုင်ငံအသီးသီးမှ ၅ သန်းကျော် ရောက်ရှိလာနိုင် ခြေ ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

ပြီးနောက် နိုင်ငံ၏ လူဦးရေများပြားမှုကို ထည့်သွင်းစဉ်းစားရန် လူအင်အားနှင့် အရင်းအမြစ်များ ပိုမိုလိုအပ်ကြောင်း ကျွန်ုပ်တို့၏ အစီအစဉ်အရ တရားဥပဒေစိုးမိုးရေး အခြေအနေကို စောင့်ကြည့်ရန် တာဝန်ရှိ လုံခြုံရေး တပ်သား ၁၅၀၀၀ ကျော် သည် ဇေယာရသ်ပြုသူ များကြားတွင် နေရာအသီးသီးတွင် အရပ်ဝတ်များ ဖြင့်ရှိနေမည် ဖြစ်ကြောင်း ကို ဆက်လက် ပြောကြားခဲ့ ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ သဲဟ်စင်းန်အလ်ခဖါဂျီ မှဆက်လက်ပြီး အရ်ဘအီးန် အချိန်အခါ တွင် လုံခြုံရေး သေချာစေရန်၊ အန်ဘာ၊ ဘဂ္ဂဒတ် နှင့် ကရ်ဗလာ မြို့များ ရှိ အိုင်အက်စ် အကြမ်းဖက် တို့၏ ပုန်းဝှက်နေသည်ဟု သံသယ ဖြစ်စရာ နေရာများ အားလုံး ကိုတိုက်ခိုက်သွားမည်ဟု ပြောကြားပါတယ်။ ဤအစီအစဥ် များ ကို အရ်ဘအီးန် ဇေယာရသ် ပြုသူများ မရောက်လာခင် တစ်ပတ် ကြိုတင်ပြီး အကောင်အထည် ဖော် သွားမည် ဖြစ်ကြောင်း ထပ်မံပြောကြားပါတယ်။

****************************************************************

END / 251