အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၁ ဩဂုတ် ၂၀၂၃

၀၈:၄၀:၄၉
1388312

ပါကစ္စတန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ(ဒတ်က်ကူး) အလ္လာဟ့် အမိန့်ခံယူ

မိုဖွာစေရိုကုရ်အာန် ၊ ဝစအေလွရှ်ရှီအဟ်ကျမ်း ၏ အူရ်ဒူဘာသာပြန်ဆရာ ပါကစ္စတန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) သည် သက်တော် ၉၁နှစ်အရွယ် တွင် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူသွားကြောင်း ဝမ်းနည်း ကြေကွဲစွာ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အင်န်နာလစ်လ္လာဟ်ဟေ ဝအင်န်နာ အေလိုင်းဟေ ရာ‌ဂျေဟူးန်

အကျော်အမော် သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ်  ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူသွားခြင်း သည် ပါကစ္စတန်ရှိ ရှီအဟ် များအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ မရ်ဟွန်မ် အာယာသွလ္လာဟ် သည်  ဖြူစင်တဲ့ ပညာရေးဘဝကို ဦးဆောင်ခဲ့ပြီး လူတွေရဲ့ အသိပညာငတ်မွတ်မှုကို ငြိမ်းစေခဲ့သူဖြစ်ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် သည် ပါကစ္စတန် နိုင်ငံ ၏ထင်ရှား ကျော်ကြားသည့် အာလင်မ်ကြီးများ မှ တစ်ပါးဖြစ်ပါတယ်။ မရ်ဟွန်မ် အာယာသွလ္လာဟ်အား ပါကစ္စတန် နိုင်ငံ စရ်ဂေါင်ဒ်ဟာ တွင် ဧပြီလ ၁၀ ရက်နေ့ ခရစ်သက္ကရာဇ် ၁၉၃၂ ခုနှစ် တွင် မွေးဖွားခဲ့ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် သည် ပါကစ္စတန် နိုင်ငံ ၏ထင်ရှား ကျော်ကြားသည့် အာလင်မ်ကြီး များ ဖြစ်သည့်  အလာမဟ် ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် နကဝီ ဂျကရာလဝီ ၊ အလာမဟ် ဆယက်ဒ် မိုဟမ္မဒ် ယာရ်ရှားဟ် ၊  အလာမဟ် ဟိုစိုင်းန် ဘခ်ရှ် ဂျာရာ တို့ထံ ပညာသင်ယူခဲ့သူဖြစ်ပါတယ်။ ပြီးနောက် အီရတ် နိုင်ငံ နဂျဖ် မြို့သို့ သွားရောက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟ်စင်နိုလ်ဟကီးမ် ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် သဘ်ရီဇီး ၊ အာယာသွလ္လာဟ် အာဂါ ဘိုဇိုရ်က် တီဟီရန်နီ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မဲဟ်မူဒ်  ရှာဟ်ရူဒီ ၊ အာယာသွလ္လာဟ် မီးရ်ဇာ ဘာကဲရ် ဇန်ဂျာနီ တို့ ထံ တွင် တပည့်ခံ၍ ပညာ သင်ယူခဲ့သူဖြစ်ပါ တယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် သည် ဘာသာရေး လမ်းချော် မှားယွင်းနေသည့် ဘာသာရေး အတွေးအမြင်ကို ပြုပြင်ပြောင်းလဲရန် အဆက်မပြတ် ကြိုးစားနေခဲ့သူဖြစ်ပြီး မိမိ၏ တရားပွဲများ၊ ရေးသားချက်များမှတစ်ဆင့် လက်တွေ့လုပ်ရန် နှင့်  ပြုပြင်ပြောင်းလဲရေး မက်ဆေ့ချ်များကို ပေးခဲ့သူဖြစ်ပါတယ်။ ဤအချက်ဟာ မရ်ဟွန်မ် ၏ထူးခြားချက်ဖြစ်ပါတယ်။ ပြီးနောက်မိမိ၏ မဂျ်လစ်များ တွင် မဂျ်လစ် တရားဟောအပြီး နားထောင်သူများ နှင့် အမေးများ ကိုမေးကြားစေပြီး အဖြေများ မိန့်ကြားခဲ့သူဖြစ်ပါတယ်။ မဂျ်လစ်တွင် အမေးအဖြေ ကဏ္ဍ ကို စတင် ခဲ့သူဖြစ်ပါတယ်။

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ်  ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) သည် ကျမ်းတော်မြတ် ကုရ်အာန် ကို အူရ်ဒူဘာသာဖြင့် ဘာသာပြန်ခဲ့သူ ဖြစ်ပြီး အသေးစိတ်ကျမ်းတော်မြတ်ကုရ်အာန်သဖ်စီရ်ကျမ်း “ဖိုင်ဇန်နိုရ်ရဲဟ်မာန်” ကျမ်း ၊ ရှီအဟ် ဖေရ်ကာ ၏ အရေးအလွန်ပါအရာရောက်သည့် မွတ်ဂျ်သဟစ်ဒ် တိုင်းလက်ကိုင်ထားရသည့် ဝစာအေလွရှ်ရှီအဟ်ကျမ်း အား အုရ်ဒူဘာသာဖြင့် အတွဲ ၂၀ ပြန်ဆို ခဲ့သူ ဖေက် ပညာရပ် အတွက်  “ ကဝါနီးနိုရှ်ရှရီအဟ် “ အမည် ဖြင့်  ၂ တွဲ ရေးသားခဲ့သူ ၊ ရှိက်ခ် ဆူဒူက် (ရ.ဟ)၏ “ အလ်အဲသေကာဒါသ် “ကျမ်း  အား အူဒူဘာသာပြန်ပြီး အကျယ်ဖွင့် ကျမ်းအား “ ရှဟ်ဟိုအဲဟ်စန်နိုလ်ဖဝါအေဒ် အမည်ဖြင့် ‌ရေးသားထုတ်ဝေ ခဲ့သူ ဖြစ်ပါတယ်။

အေမာမ်ဟိုစိုင်းန်(အ.စ) ၏ ကရ်ဘလာ ဖြစ်ရပ်မှန် နှင့်ပတ်သက်ပြီး သုတေသနပြုထားသည့် စာအုပ် “ စအာဒသ်သွဒ်ဒါရီးန် “ အမည် ဖြင့်ရေးသားထုတ်ဝေခဲ့ပါတယ်။ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ်  ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) ၏ အခြားရေးသားထားသည့် စာအုပ်များစွာ လည်း ရှိပါတယ်။ ပါကစ္စတန် နှင့် အိန္ဒိယ ရှီအဟ် စွန်နီ စာအုပ်အများဆုံး ရေးသားခဲ့သည့် အာလင်မ်များ စာရင်း ဝင်သူ ဖြစ်ပါတယ်။ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ်  ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) ၏ ကြိုးပမ်းခဲ့မှုများကို  မြတ်အလ္လာဟ် လက်ခံတော်မူပြီး အနာဂတ် ရှီအဟ် နှင့်အစ္စလာမ်မျိုးဆက်သစ်အာလင်မ်များ နှင့် အာလင်မ်မ ဟုတ်သူများ အတွက် အကျိုးပြုမည့် ပညာအေမွအနှစ်များ ဖြစ်မည်ဖြစ်ပါတယ်။

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ်  ရှိက်ခ် မိုဟမ္မဒ် ဟိုစိုင်းန် နဂျဖီ (ဒတ်က်ကူး) ၏ ဂျနာဇဟ်နမာဇ်အား ယနေ့ သြဂဒတ်လ ၂၁ ရက် ပါကစ္စတန် ဒေသစံတော်ချိန် ၆နာရီ တွင် ပါကစ္စတန် စရ်ဂေါင်ဒ်ဟာ တွင် ဖတ်မည်ဖြစ်ပါ တယ်။

****************************************************************

END / 251