အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ စက်တင်ဘာ ၂၀၂၃

၂၂:၅၃:၄၈
1394472

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ အလ် ခိုရာစာန် အလ်မူစဝီ အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူ

အီရတ်နိုင်ငံ နဂျဖ်မြို့ ၏ သာသနာ့ပညာရှင်တစ်ပါးလည်း ဖြစ် အကျော် အမော် သုတေသီ ဖြစ်ပြီးရှီအဟ် စာအုပ်ပေါင်းများစွာ ကို တည်းဖြတ်ပေးသူ ၊ ရေးသားသီးကုံးသူ ၊ ဘာသာပြန်ဆိုသူ အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ အလ် ခိုရာစာန် အလ်မူစဝီ သည် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း တွင် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူ သွားကြောင်း ဝမ်းနည်းစွာဖြင့် သိရှိ ခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ နဂျဖ်မြို့ ၏ သာသနာ့ပညာရှင်တစ်ပါးလည်း ဖြစ် အကျော် အမော် သုတေသီ  ဖြစ်ပြီးရှီအဟ် စာအုပ်ပေါင်းများစွာ ကို တည်းဖြတ်ပေးသူ ၊ ရေးသားသီးကုံးသူ ၊ ဘာသာပြန်ဆိုသူ အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ အလ် ခိုရာစာန် အလ်မူစဝီ   သည် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း တွင် သက်တော် ၉၇ နှစ် အရွယ် တွင် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူ သွားကြောင်း ဝမ်းနည်းစွာဖြင့် သိရှိ ခဲ့ရပါတယ်။

အတ္ထုပ္ပတ္တိ

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ ခိုရာစာန် သည်ဟီဂျရီ ၁၃၄၇ ခုနှစ် ရဂျဗ်လ ၈ ရက်နေ့ တွင် အီရတ် နိုင်ငံ နဂျဖ် မြို့တွင် ဖွားမြင်ခဲ့ပါတယ်။ မရ်ဟွန်မ် သည် ဘာသာရေး နှင့်ပညာရေး အခြေခံများ နှင့် အဆင့်မြင့် ဟောင်ဇာ စာများ ကို မိမိ၏ဖခင် နှင့် ဆရာများဖြစ်ကြသည့် စမာကဟစ်လီ ၊ ဆွာဒစ် ကာမူစီ ထံ ဆည်းပူးခဲ့ ပါတယ်။ မွတ်ဂျ်သဟစ်စာများ ( ဒရ်စေခါရေဂျ် ) အား အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အဘူလ်ကာစင်မ် ခူဝီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အဗ်ဒိုလ်ဟာဒီ ရှီးရာဇီး ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟ်စင်ဟကီးမ် တို့ ထံ ဆည်းပူးခဲ့ပါတယ်။

ဟဒီးစ်တော်များ အား ဟဒီးစ်ပါရဂူများ ဖြစ်ကြသည့်  အာဂဘိုဇိုဂ် တီဟီရန် နီ ၊  ဆယက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ဘဲဟ်ရိုအူလူမ် ၊ ဆယက်ဒ်အလီ ဘေဘဟာနီ ၊ ဆယက်ဒ် အဗ်ဒိုလ်အအ်လာ စဘ်ဇဝါရီ ၊ ဆယက်ဒ်  မိုရ်သဇွာခလ်ခါနီ ၊ ဆယက်ဒ် ဟစန် ဘဂျ်နိုရ်ဒီ  နှင့် ဖခင် ထံမှ ဆင့်ပြန် ခဲ့ပါတယ်။ မရ်ဟွန်မ် ၏ ကိုယ်တိုင် ပြောပြချက်အရ စွန်နီ အာလင်မ်များဖြစ်ကြသည့်  ဆယက်ဒ်အလဝီ  ဘင်န် အဘာစ် မာလေကီ မက္ကီ ၊ ဟမါဒ်  အန်ဆွာရီ ၊ မိုဟမ္မဒ် အဘူလ် ယစေရ် ဘင်န် အာဗစ်ဒ်ဒီးန် ၊ မိုဟမ္မဒ ဆွာလေဟ် ကာဒရီ ရှမ်းမီ တို့ ထံ မှ လည်း ဟဒီးစ်တော်များ ကို ဆင့်ပြန်ခဲ့ကြောင်း ဖြစ် ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် မဲဟ်ဒီ ခိုရာစာန် သည် ခေါင်းစဥ် အမျိုးပေါင်း ၆၀ ကျော်  ရှီအဟ် စာအုပ်ပေါင်းများစွာ ကို တည်းဖြတ်ပေးခြင်း ၊ ရေးသားသီးကုံးခြင်း ၊ ဘာသာပြန်ဆိုခြင်း တို့ကို  ပြုလုပ်ခဲ့ပါ တယ်။

****************************************************************

END / 251