အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ စက်တင်ဘာ ၂၀၂၃

၂၀:၂၂:၄၉
1395430

ဆော်ဒီအာရေးဗီးယား အမျိုးသားနေ့ အတွက် အီရန်သမ္မတ မှ ဆော်ဒီအာရေဗျ ဘုရင်နှင့် အိမ်ရှေ့မင်းသားအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အနေဖြင့် ဆော်ဒီအာရေဗျ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆော်ဒီဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် နှင့် အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလဘ်မာန် တို့ထံ ဝမ်းမြောက် ဝမ်းသာ ကြောင်း ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ သတင်း အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ  အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အနေဖြင့် ဆော်ဒီအာရေဗျ အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ် ဆော်ဒီဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အမည်ဖြင့် ဂုဏ်ပြု သတင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဆိုပါ ဂုဏ်ပြု သတင်း လွှာ တွင် အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကြား နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဆက်ဆံမှုရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထောက်ခံထား ကြောင်း သိရှိရပါတယ်။

နှစ်နိုင်ငံအကြား ကြိုးပမ်းအားထုတ်မှုများကြောင့် နယ်ပယ်အသီးသီးတွင် အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမည့် အလားအလာများ ရှိနေပါတယ်။

အီရန် သမ္မတ မှ ဆော်ဒီအိမ်ရှေ့စံ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန်ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ့ စအူဒ်  နှင့် ဆော်ဒီ ဝန်ကြီးများ ကောင်စီ အကြီးအကဲထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်နိုင်ငံကြား တူညီသော ဆက်ဆံရေးကို အခြေခံ၍ နယ်ပယ်အားလုံးတွင် ခိုင်မာစေမည်ဟု ပြောကြားခဲ့ပါပါတယ်။

အင်န်ရှာအလ္လာဟ် အီရန် နှင့် ဆော်ဒီ နှစ်နိုင်ငံ ဆက်ဆံ ရေး ကောင်းမွန် လေ ၊  အစ္စလာမ် နိုင်ငံများ နှင့် အထူးသဖြင့် ရှီအဟ် နှင့် စွန်နီ အားလုံးအတွက် အကျိုးရှိ အကျိုး ထူးမည် ဖြစ်ကြောင်း သိရှိရပါတယ်၊

****************************************************************

END / 251