အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ စက်တင်ဘာ ၂၀၂၃

၂၀:၂၄:၄၀
1395431

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ဆရာဝန်များ ကို ဆိုဆုံးမချက်

အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆရာဝန်များ ကို ဆိုဆုံးမချက် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒအာအေမ်မိုလ်အစ္စလာမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام العلی علیہ السلام:

مَن تَطَبَّبَ فَلْيَتَّقِ اللّه‏ وَ لْيَنصَحْ وَليَجتَهِدْ .

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ အကြင်မည်သူမဆို ဆရာဝန်ပညာ(ဆေးပညာဖြင့်၊သမားတော်ပညာဖြင့်) (အသက်မွေးဝမ်းကျောင်း) ကို ပြုလုပ်မည်ဆိုလျှင် ၎င်းအနေဖြင့် အလ္လာဟ့်ကြောက်စိတ် (သက္က်ဝါးတရား ) နှင့် အတူ လူများ ၏ ကောင်းကျိုး နှင့် (ကျန်းမာရေး) ကောင်းမွန်တိုးတက်ရေးအတွက် ကြိုးပမ်းရမည် ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဒအာအေမ်မိုလ်အစ္စလာမ် ကျမ်း  ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၄၄

မှတ်ချက်  -   အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  မွတ်စလင်မ် ဆရာဝန် တစ်ဦး ၊ သမားတော်တစ်ဦး၏ အနေဖြင့် လူနာ နှင့်ပတ်သက်ပြီး ထားရှိရမည့် စိတ်ဓာတ် ကို အထင်အရှား သိမြင် ရမည်ဖြစ်ပါတယ်။ပြီးနောက် မွတ်စလင်မ် ဆရာဝန်တစ်ဦး ၊သမားတော် တစ်ဦး ၏ တာဝန် များကို လည်း အထင်အရှား တွေ့ရှိရမည် ဖြစ်ပါ တယ်။

****************************************************************

END / 251