အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ စက်တင်ဘာ ၂၀၂၃

၂၁:၀၄:၅၄
1395647

တီဟီရန်တွင် အကြမ်းဖက်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန်ကို အကြမ်းဖက်ရန် ကြိုးပမ်းမှု မအောင်မြင် သွားကြောင်း နှင့် ဒါဇင်နှင့်ချီသော ပေါက်ကွဲမှုများ ရပ်တန့်သွား နိုင်ခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြန်ကြားရေး ဝန်ကြီးဌာန မှ  မြို့တော် တီဟီရန်တွင် တစ်ပြိုင်နက် ပေါက်ကွဲမှု ၃၀ ကြိမ် ဖောက်ခွဲရန် ကြိုးပမ်းမှုများအား အချိန်မီ ပျက်ပြယ်သွား အောင် ပြုနိုင် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မြို့တော် တီဟီရန်၏ အစည်ကားဆုံး လမ်းဆုံများနှင့် လူများ သည် ရင်ပြင်များကို ထည့်သွင်းတွက်ချက် ပစ်မှတ်ထား ပြီး ပေါက်ကွဲမှုများကို  ပြုလုပ်မည် ဖြစ်ကြောင်း ပေါက်ကွဲ မှုအား  နေရာ ၃၀  တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ ဤ အခြေအနေတွင် အကြမ်းဖက်ကွန်ရက်မှ လူ ၂၈ ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသော အကြမ်းဖက်သမားအချို့သည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရတ်နိုင်ငံရှိ ကာဒစ်စတန်တို့တွင် နေထိုင်သည့် သည့်သူများ ဖြစ်ကြပြီး  ဒါအေရှ် (ခ) ISIS နှင့် ဆက်နွယ်နေသူများ ဖြစ်ကြပါ တယ်။

ဖမ်းဆီးခံထားရသော အကြမ်းဖက်သမားများထံမှ ပေါက်ကွဲစေတတ်သော ပစ္စည်းအမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အကြမ်းဖက်သမား အနေဖြင့် ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေဖို့အတွက်  မနှစ်က အီရန်မှာ မငြိမ် မသက်ဖြစ် မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီဖောက်ခွဲမှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251