အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၅ စက်တင်ဘာ ၂၀၂၃

၁၈:၅၉:၀၉
1395780

ဆော်ဒီအာရေဗျ တွင် တက္ကသိုလ် ကျောင်းသူ အား ဝေဖန်မှုဖြင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့

ဆော်ဒီအာရေဗျနိုင်ငံရှိ တက္ကသိုလ် ကျောင်းသူတစ်ဦးအား နိုင်ငံ အကြီးအကဲများကို ပြစ်တင် ဝေဖန်မှုများ ကြောင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရကြောင်း သတင်း အထောက်အထားများ အရ သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထားများ အရ ဆော်ဒီအာရေဗျ ရာဇ၀တ်တရားရုံးက နိုင်ငံတော် အစိုးရ ကို ပြစ်တင်ဝေဖန်မှု ကြောင့် အသက် ၁၈ နှစ်အရွယ် ရှိ တက္ကသိုလ် ကျောင်းသူ တစ်ဦး အား ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက် ကြောင်း သိရှိရပါတယ်။

ဖါစ် သတင်းဌာန ၏ အဆိုအရ ဆော်ဒီအာရေဗျ တွင် နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် လူ့အခွင့်အရေးအဖွဲ့ Al-Qast သည် ဆော်ဒီအာရေဗျ ရာဇ၀တ်တရားရုံးမှ အသက် ၁၈ နှစ်အရွယ် မေနာ အလ်ဂဖီရီ အား ထောင်ဒဏ် ၁၈ နှစ် ချမှတ် သည့် ကိစ္စ အတွက်  တနင်္လာနေ့တွင် ပြစ်တင် ရှုတ်ချခဲ့ ကြောင်း သိရှိရပါတယ်။

အသက် ၁၈ နှစ်အရွယ် မေနာ အလ်ဂဖီရီ  အား ဆော်ဒီ အစိုးရ အား ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် အတွက် ကြောင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ် ခဲ့ခြင်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့၏အဆိုအရ အထက်တန်းကျောင်းသူလေးအား ဖမ်းဆီးခံရခြင်း  တစ်နှစ်ပြည့် ပြီးနောက် သြဂုတ်လတွင်  အမိန့် ချမှတ် ခြင်းခံခဲ့ရကြောင်း ဖြစ်ပါတယ်။

အလ်မဂျစ်ဒ် သတင်းဌာန ၏ အဆိုအရ မေနာ အလ်ဂဖီရီ  သည် ပြီးခဲ့သည့် နှစ် တွင် လူမှုကွန်ရက် တွင် ဆော်ဒီ အစိုးရ အားဆန့်ကျင်ရေးသားမှုများ ပြုခဲ့ပြီး နိုင်ငံရေး အကျဥ်းသားများ ထောက်ခံအားပေးရေးခဲ့သည့် အတွက် ကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။ မေနာ အလ်ဂဖီရီ   တက္ကသိုလ် ဒုတိယ နှစ်ကျောင်းသူ ဖြစ်ပါတယ်။

ဆော်ဒီရာဇ၀တ်တရားရုံးက မေနာ အလ်ဂဖီရီ အား ပြစ်ဒဏ် ၁၈ နှစ် ကျခံပြီးလို့  လွတ်မြောက်လာပြီးနောက် တွင် လည်း ဆော်ဒီ နိုင်ငံတွင်းမှ ထွက်ခွာခွင့် မရှိ ကြောင်း ပိတ်ပင် ကြောင်း ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရှိ အစိုးရအရာရှိများကို လူမှုကွန်ရက်များတွင် ပြစ်တင်ဝေဖန်မှုများသည် အမြဲလိုလို ပြင်းထန်သော ပြစ်ဒဏ်များဆီသို့ ဦးတည်သွားစေခဲ့သည့် လုပ်ရပ်များ ဖြစ်ပါတယ်။ ပြီးခဲ့သည့်လတွင် ဆော်ဒီအာရေဗျ၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မိုဟမ္မဒ် အလ်ဂါမဒီ သည် လူမှုကွန်ရက်တွင်  ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် အား ပြစ်တင် ဝေဖန်မှုအတွက် သေဒဏ်ချမှတ်ခဲ့ရပါတယ်။

****************************************************************

END / 251