အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၅ စက်တင်ဘာ ၂၀၂၃

၁၉:၁၆:၅၉
1395782

တီဟီရန်တိုင်းမ် သတင်းစာက ဇီယွန်နစ်အစိုးရနှင့် နေတန်ယာဟုကို နှင့်ပတ်သက်၍ အရေးကြီး သော လျှို့ဝှက်ချက်များကို ထုတ်ဖော်

တီဟီရန်တိုင်းမ် သတင်းစာက မိမိ၏ နောက်ဆုံးရ အစီရင်ခံစာ တွင် ဇီယွန်နစ်အစိုးရနှင့် နေတန်ယာဟုကို နှင့်ပတ်သက်၍ အရေးကြီး သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ လွန်ခဲ့သည့် ရက်အနည်းငယ်က တီဟီရန်တိုင်းမ် က အီရန်ရှိ လုံခြုံရေးသတင်းရင်းမြစ်အချို့ကို ကိုးကားပြီး နေတန်ယာဟု နှင့် ၎င်း၏မိသားစုနှင့် ပတ်သက်သည့် အရေးကြီးပြီး အလွန်လျှို့ဝှက်သောကိစ္စရပ်နှင့် ပတ်သက်သည့် အချက်အလက်များကို နေတန်ယာဟု ဆန့်ကျင်ရေးပါတီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ဖော်မှုသည် အစ္စရေးနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေမည့် သည့် အတွက် သတင်း မပေါက်ကြားအောင် ပြုထားကြကြောင်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်များမှ တီဟီရန်တိုင်းမ် သတင်းစာ သို့ ပေးထားသည့် အချက်အလက်အရ ယခုအခါ အီရန်သည် ဇီယွန်စစ်အစိုးရ၏ တရားစီရင်ရေးစနစ်၏ မော်ကွန်းတိုက်များနှင့် လက်ရှိအမှုအခင်းအသေးစိတ်များ အပါအဝင် တရားရုံးအမှုထက် ပိုမိုအရေးကြီးသည့် စာရွက်စာတမ်းများကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

မကြာသေးမီက ဟေဗြဲမီဒီယာက Lapid နှင့် ၎င်း၏ပါတီအဖွဲ့ဝင် ၁၅ ဦးတို့၏ မိုဘိုင်းလ်ဖုန်းများ ဖောက်ထွင်းခံရပြီး နေတန်ယာဟု၏ အစိုးရအပေါ် အပြစ်တင်ခံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ နေတန်ယာဟု၏ တရားရုံး ကိစ္စနှင့် ဘဏ္ဍာရေး အကျင့်ပျက်ခြစားမှုနှင့် သူလျှိုလုပ်ခြင်း အပါအဝင် လက်ရှိ အစိုးရအဖွဲ့ဝင်များ အပေါ် စွဲချက်အမျိုးမျိုးကို ထုတ်ပြန်ခြင်းသည် တန်ပြန်အရေးယူမှုတစ်ခုဟု ယူဆရပါတယ်။

သို့သော်လည်း အီရန်မှ ရရှိသောအချက်အလက်များသည် အလွန်လျှို့ဝှက်ထားသောကြောင့် အစ္စရေး၏ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမည် ဖြစ်ပါတယ်။

ဥပမာ၊ နေတန်ယာဟုနှင့် ၎င်း၏အိမ်ထောင်ဖက်တို့သည် စိတ်ရောဂါအမျိုးအစားအချို့ကို ခံစားခဲ့ရကြောင်း Lapid ပါတီမှ အဖွဲ့ဝင်တစ်ဦးသည် နေတန်ယာဟုသည် အစိုးရအတွက် မသင့်လျော်ဟု တရားရုံးသို့ ၎င်း၏ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း ဖြစ်ပါတယ်။

ဇီယွန်နစ်တရားရုံးသည် လပေါင်းများစွာ စုံစမ်းစစ်ဆေးပြီး ဆေးဘက်ဆိုင်ရာ အစီရင်ခံစာများကို ပံ့ပိုးပေးပြီးနောက် အမှုကို လေးလေးနက်နက် ကြားနာရန် စီစဉ်ခဲ့သော်လည်း တရားရုံးမှ ထိပ်တန်း အရာရှိတစ်ဦးက အမှုကို ကြားနာခြင်းမပြုနိုင်ကြောင်း စာဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရှိရပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နောက်ထပ် စုံစမ်းစစ်ဆေးမှုသည် အစ္စရေးနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင် ပါတယ်။ ထို့အပြင် နေတန်ယာဟု၏ အမှုတွဲများကို သြဇာသုံး၍ လာဘ်ပေးလာဘ်ယူမှုဖြင့် တရားရုံး၏ တရားစီရင်ပိုင်ခွင့်မှ ဖယ်ထုတ်ထားသည့် ကြားနာမှုကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ ၎င်းတို့တွင် အာရပ်နွယ်ဖွားများနှင့် အာရပ်နွယ်ဖွားမဟုတ်သူများအကြား လူမျိုးရေးခွဲခြားဆက်ဆံမှု ပါဝင်ပါတယ်။

စုစုပေါင်း တရားရုံးစာရွက်စာတမ်း ၇၀,၀၀၀ ကျော် ပေါက်ကြားခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ အလွန် လျှို့ဝှက်ထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် တံဆိပ်ခတ်ခံထားရကြောင်း သိရှိရပါ တယ်။

****************************************************************

END / 251