အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ စက်တင်ဘာ ၂၀၂၃

၁၉:၁၄:၃၄
1396210

အီရန် နိုင်ငံ မှ ဂြိုလ်တု နူးရ် သုံး ကို အာကာသထဲသို့ အောင်မြင်စွာ လွတ်တင်ခဲ့

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ မှ တတိယမြောက် ဂြိုလ်တု နူးရ် သုံး အား ပုံရိပ်ဖော်တဲ့ အာကာသ ပတ်လမ်းထဲကို လွတ်တင်လိုက် ကြောင်း ကြေညာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများ အရ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ အာကာသ တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အမီးးရ် အလီ ဟာဂျီ ဇါဒေဟ် က ယခုနှစ်ကုန်တွင် အာကာသထဲသို့ နောက်ထပ် ဂြိုလ်တုနှစ်စင်း လွတ်တင်မည်ဟု ကြေညာပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး အမီးးရ် အလီ ဟာဂျီ ဇါဒေဟ် မှ ဂြိုလ်တု နူးရ် သုံး ကို အာကာသထဲသို့ ပေးပို့ခြင်း အောင်မြင်သည့် အခမ်း အနားတွင် ကင်မရာတစ်လုံးကို နူးရ် သုံး ဂြိုလ်တုတွင် တပ်ဆင်ထားပြီး အချက်ပြမှုများကို စုဆောင်း ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာကာသထဲသို့ ဂြိုလ်တု အစုံလိုက် လွတ်တင်ရန် အစီအစဉ်ရှိကြောင်း ကြေညာ ပြီး ယခုနှစ်ကုန်တွင် အာကာသထဲသို့ နောက်ထပ် ဂြိုလ်တု နှစ် လုံး လွတ်တင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မှ ဆက်လက်  ပြောကြားခဲ့ပါတယ်။

ဂြိုလ်တု  နူးရ် သုံး သည် ကမ္ဘာမြေမျက်နှာပြင်အထက် အမြင့်ပေ ၄၅၀ ကီလိုမီတာတွင် အမြန်နှုန်း ၇.၆ ကီလိုမီတာ ဖြင့် လည်ပတ်နေခြင်း ဖြစ်ပါတယ်။

ဂြိုလ်တု နူးရ် သုံး  နှင့် ၎င်းကိုသယ်ဆောင်ရန် အာကာသယာဉ် စသည် နှစ်ခုလုံးကို စ္စလာမ့်တော်လှန်ရေး အစောင့်တပ် ၏ သုတေသန စင်တာ တွင် ဒီဇိုင်းထုတ်ခဲ့ ကြောင်း သိရပါတယ်။

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်များသည် ဤ ဂြိုလ်တု နူးရ် သုံး  အာကာသထဲသို့  မလွတ် နိုင်မည် အရင်း ယခင်က နူးရ် တစ် နှင့် နူးရ် နှစ် ဂြိုလ်တုများကို လွတ်တင်ခဲ့ပြီး ဖြစ်ပါတယ်။

****************************************************************

END / 251