အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၇ စက်တင်ဘာ ၂၀၂၃

၁၉:၁၈:၃၃
1396218

နိုင်နဝါ မီးလောင်မှုအတွင်း သေဆုံးသွားသည့် အီရတ်နိုင်ငံသားများ အား အာယာသွလ္လာဟ် ဆယက်ဒ် စစ်သာနီ မှ ဝမ်းနည်းကြောင်း မိန့်ကြား

အီရတ် နိုင်ငံ နဂျဖ် မြို့ တွင် သီတင်းသုံးနေထိုင်နေသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အနေဖြင့် နိုင်နဝါ မီးလောင်မှုအတွင်း သေဆုံးသွားသည့် အီရတ်နိုင်ငံသားများ အတွက် ဝမ်းနည်း ကြောင်း မိန့်ကြား ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့ ရှီအဟ်များ  အကျော်အမော် မရ်ဂျာများ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အနေဖြင့် နိုင်နဝါ မီးလောင်မှုအတွင်း  သေဆုံးသွားသည့် အီရတ်နိုင်ငံသားများ အတွက် ဝမ်းနည်း ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ရုံး မှ ဟမ်ဒန်နီယဟ် တွင် လူပေါင်းရာနှင့်ချီသေဆုံးပြီး ဒဏ်ရာရရှိခဲ့သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ဝမ်းနည်းမှုနှင့် စိတ်ခံစားရမှုကို ဖြစ်စေကြောင်း တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ သေဆုံးသူများ၏ မိသားစုများအား ဝမ်းနည်းကြေကွဲကြောင်း မိန့်ကြားပြီး  အသက်ရှင်ကျန်ရစ်သူများအတွက် စိတ်ရှည်သည်းခံရန်၊ ကွယ်လွန်သူများ အတွက် ရဲဟ်မသ် (ကရုဏာ) ရစေရန်  နှင့် ဒဏ်ရာရသူများကို အမြန်ပြန် လည်ကျန်းမာလာ စေရန် အလ္လာဟ် ဟို အရှင်မြတ် ထံ ဒိုအာ ပြုခဲ့ပါတယ်။

အီရတ်နိုင်ငံနိုင်နဝါ ပြည်နယ် ဟမ်ဒန်နီယဟ် မြို့ရှိ မင်္ဂလာခန်းမတစ်ခု မီးလောင်မှုတွင် လူ ၁၁၄ ဦး သေဆုံးပြီး လူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်အရပ်ဘက်ကာကွယ်ရေးဌာနက အစောပိုင်းတွင် ကြေညာခဲ့ပါတယ်။

အီရတ်အရပ်ဘက်ကာကွယ်ရေးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ခန်းမအဆောက်အအုံကို စံမမီ သောပစ္စည်း များဖြင့် ပြုလုပ်ထားသည်ဟု အလေးပေးပြောကြားခဲ့ပြီး ယင်းအမှုကို ဤကိစ္စ မတိုင်မီက တရားရုံးသို့ ပို့ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ဤမင်္ဂလာ ခန်းမ အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းအကြောင်းရင်းမှာ အဆောက်အအုံအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ခန်းမတစ်ခုလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဆက်လက်ပြော ကြားခဲ့ ပါတယ်။

နိုင်နဝါ ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အခင်းဖြစ်ပွားချိန်တွင် ဤခန်းမတွင် လူတစ်ထောင်ခန့် တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251