အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၉ စက်တင်ဘာ ၂၀၂၃

၁၅:၂၁:၄၃
1396598

ပါကစ္စတန် နိုင်ငံ ဘာလူချီစတန် ပြည်နယ် တွင် မီးလာဒ် ဒွန်နဘီ (ဆွ) ကျင်းပ ရန် စုဝေး နေစဥ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၊ ၅၂ ဦး သေဆုံး ၊ အယောက် ၁၀၀ ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ဘာလူချီစတန်ပြည်နယ်ရှိ ဗလီတစ်ခုအနီးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ၅၂ ဦး သေဆုံးသွား ပြီး အယောက် ၁၀၀ ဒဏ်ရာရ ခဲ့ပါတယ်။ ဤ ပုဂ္ဂိုလ်များသည် မီးလာဒ် ဒွန်နဘီ (ဆွ) ကျင်းပ ရန် အတွက် လူစု လူဝေး ပြုလုပ်နေသူများ ဖြစ်ကြကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ သတင်း အ‌ထောက်အထားများ အရ  ပါကစ္စတန် နိုင်ငံ ဘာလူချီစတန် ပြည်နယ် ရှိ ဗလီတစ်ခုအနီးတွင် မီးလာဒ် ဒွန်နဘီ (ဆွ) ကျင်းပရန် လူစုဝေး နေစဥ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၅၂ ဦး သေဆုံးကာ အယောက် ၁၀၀ ဒဏ်ရာရ ခဲ့ကြောင်း သိရှိ ရပါတယ်။

ပါကစ္စတန် နိုင်ငံ ဘာလူချီစတန် ပြည်နယ် ရှိ  မစ်သူန်ဂ် ဗလီ အနီး တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဗလီ အနီးတွင် မီးလာဒ် ဒွန်နဘီ (ဆွ) (ခ) ကိုယ်တော်မြတ် (ဆွ) ၏ မွေးနေ့ မင်္ဂလာပွဲကို ကျင်းပ ရန် လူစု လူဝေးပြုနေချိန် တွင် ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပါတယ်။ သေဆုံးသူ ၅၂ ဦး အတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ကြောင်း သိရှိရပါတယ်။

ဤဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ပဏာမသတင်းများအရ မစ်သူန်ဂ်  DSP လည်း သေဆုံးသူများထဲတွင် ပါဝင်သည်ဟု ပါကစ္စတန်အာဏာပိုင်များက ယုံကြည်ထားပြီး ယခုဖြစ်ရပ်သည် အသေခံဗုံးခွဲမှုတစ်ခုဖြစ်သည်ဟု ယူဆ ထားကြောင်း သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို အသေအချာ မသိရသေးကြောင်း ပါကစ္စတန် ရဲများ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးသမားများသည် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာကို ရောက်ရှိနေပြီး ဖြစ်ကြောင်း ပေါက်ကွဲမှု အား တစ်ဦး တစ်ယောက်မှ ဖြစ်စေ အဖြွအစည်း တစ်ခုခု မှ ဖြစ် တာဝန်  ထုတ်ဖော်ပြောဆို ခြင်း အခု ချိန် ထိ မရှိသေးကြောင်း သိရှိရပါတယ်။

****************************************************************

END / 251