အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ စက်တင်ဘာ ၂၀၂၃

၂၀:၂၈:၃၅
1396966

ယီမင်နိုင်ငံ သံအမတ်ကြီး နှင့် အဗ်နာ သတင်းဌာန ၏ မေးမြန်းချက်

ကျွန်ုပ်တို့သည် ကျမ်းမြတ် ကုရ်အာန် နှင့် တမန်တော်မြတ် (ဆွ) ကို ကာကွယ်ရန်မိမိ၏ အသက်ကို ပင် စတေးမည် ဖြစ်ပါတယ် / ယီမင်နိုင်ငံ သံအမတ်ကြီး

အီရန်နိုင်ငံဘ နှင့် ယီမင်နိုင်ငံ ဆိုင်ရာ ယီမင်နိုင်ငံ သံအမတ်ကြီး အီဗရာဟီးမ် အလ်ဒီလမီ မှ ယီမင်ပြည်သူများ သည် တမန်တော်မြတ် (ဆွ) ၏ အမည် နှင့် အစ္စလာမ့်စည်းလုံးညီညွတ်ရေး ရက်သတ္တပတ် ကို အမှတ်ရစေခြင်း ဖြင့် အစ္စလာမ့် အကြီးအကဲများ နှင့် အတူတကွ ရပ်တည်နေ ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ့် စည်းလုံးညီညွတ်မှုရက်သတ္တပတ် နှင့် ကျက်သရေ မင်္ဂလာရှိသည့် တမန်တော်မြတ် (ဆွ) ၏ မွေးနေ့အကြိုနေ့ တွင် အီရန်နိုင်ငံ ရှိ ယီမင် သံရုံး၏ သံအမတ်ကြီး အီဗရာဟီးမ် အလ်ဒီလမီ အနေဖြင့်  အဗ်နာ သတင်းဌာန နှင့် စကားပြောကြားရာတွင် အစ္စလာမ့် စည်းလုံးညီညွတ်မှုနှင့်ပတ်သက်၍ အစ္စလာမ့်အွန်မသ် (ကိုယ်တော်မုတ် (ဆွ) ၏ နောက်လိုက်နောက်သားများ) သည် ဘာသာရေး နှင့် ကုရ်အာန်၏ ရန်သူများကို ဆန့်ကျင် ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ 

အီရန်တွင်နေထိုင်သော ယီမင်နိုင်ငံသားများနှင့် ကျောင်း သား များ မှ အရှ်ရာက် ယဥ်ကျေးမှု စင်တာ တွင် ကျင်းပသည့် တမန်တော်မြတ် (ဆွ) ဖွားမြင်ခြင်း မင်္ဂလာ အခမ်း အနား တွင် ယီမင် သံအမတ်ကြီး အီဗရာဟီးမ် အလ်ဒီလမီ မှ အဗ်နာ သတင်းဌာန ၏ ပြောကြားခဲ့ပါတယ်။ ယီမင်ပြည်သူများသည် အစ္စလမ်ဘာသာဝင်တို့၏ ချစ်လှစွာသော တမန်တော်မြတ် (ဆွ)၏ ကို ကာကွယ်ရန် အခိုင်အမာရပ်တည်နေပြီး ဤမင်္ဂလာမွေးနေ့ပွဲများကို ခမ်းနားကြီးကျယ်စွာ ကျင်းပကြပြီး ယီမင်ပြည်သူများ သည် တမန်တော်မြတ် (ဆွ) ၏အမည်နှင့် အစ္စလာမ့် စည်းလုံးညီညွတ်ရေး ရက်သတ္တပတ် ကို အမှတ်ရစေခြင်း ဖြင့် အစ္စလာမ့် အကြီးအကဲများ နှင့်  အတူတကွ ရပ်တည်နေ ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ယီမင်သံအမတ်ကြီးမှ ဆက်လက်ပြီး အစ္စလာမ့်သန့်ရှင်းမြင့်မြတ်မှုကို စော်ကားသည့် ဇီယွန်ဝါဒီများ၏ ပရောဂျက်ကို ရည်ညွှန်းကာ ယီမင်လူမျိုးများသည် အစ္စလာမ့်အယူဝါဒကို စော်ကားခြင်း၊ ကုရ်အာန်ကို စော်ကားခြင်း နှင့် တမန်တော်မြတ် (ဆွ) ကို စော်ကားခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အစ္စလာမ့် အွန်မသ် နှင့် တညီတညွတ်တည်း ရပ်တည်နေကြောင်း ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီး မှ အလ္လာဟ်အရှင်မြတ်၏ စည်းလုံးညီညွတ်မှုကို အလေးပေးကြောင်း ယနေ့ခေတ် ယီမင်ပြည်သူများ ထမ်းဆောင်နေသော ရာထူးများမှာသင်္ကေတနှစ်ခု ဖြစ်သည့်  ကျမ်းမြတ် ကုရ်အာန် နှင့် တမန်တော်မြတ် ကြီး (ဆွ) ကို ကာကွယ်ရန် မိမိတို့ ၏ အသက်ကို စတေးကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ပြီးနောက် အစ္စလာမ့်လှုပ်ရှားမှု၏ ကုရ်အာန်ဗဟိုပြုမှု နှင့် ယီမင်၏ ခုခံမှုကို ရည်ညွှန်းပြီး ကုရ်အာန် ကျမ်းတော်မြတ် နှင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်သဘာဝကို အလေးပေးဖော်ပြပြီး ဤကိစ္စ အား အစ္စလာမ့်အွန်မသ် အား သတိပေးပါကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံရှိ ယီမင်သမ္မတနိုင်ငံ သံအမတ်ကြီးသည် မကြာသေးမီနှစ်များအတွင်း ရန်သူများနှင့် စစ်ပွဲအတွင်း ယီမင်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပြန်လည်အမှတ်ရခဲ့ပြီး တမန်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို သတိရတမ်းတသည့် ဤကဲ့သို့ အခမ်းအနားများကို ကျင်းပကြောင်း ယီမင်ပြည်သူများသည် ရှစ်နှစ်ဆက်တိုက် အောင်ပွဲနှ င့် စိတ်ရှည်မှု အသီးအပွင့်များကို ရိတ်သိမ်းနေကြကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံအချို့ကို မိန့်ခွန်းပြောကြားရာတွင် အစ္စလာမ့် နောက်လိုက်နောက်သားများ  ရင်ဆိုင်နေရသော အကဲဆတ်သော အခြေအနေများနှင့် အထူးသဖြင့် ယီမင်ပြည်သူများ၏ နေရေးထိုင်ရေးအပေါ်တွင် ရန်လိုသည့်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရန်လိုမှုနှင့် ဝိုင်းရံထားမှုကို အဆုံးသတ်သင့်ပြီး ဖြစ်ကြောင်း မိမိတို့ ပြုလပ်ခဲ့ကြသည့် အတိတ်က ဆုံးရှုံးမှုများ နိုင်ငံတော်အတွင်း နှစ်အတော်ကြာအောင် ဖျက်ဆီး အောင်ပြု လုပ်ခဲ့မှုများ ကို အစားထိုး ပြန်လည် ထူထောင် ပေးမှုများ ပြုလုပ် ပေးသင့်ကြောင်း ယီမင်သံအမတ်ကြီးမှ ပြောကြား ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ယီမင် သံအမတ်ကြီး အီဗရာဟီးမ် အလ်ဒီလမီ - မိမိတို့ အနားမှာရပ်တည် ပြီး ပံ့ပိုးပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ၎င်းတို့ အားလုံးအပေါ်သို့ ကောင်းချီး မင်္ဂလာ အဖြာဖြာ ကျရာက်ပါစေ ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251