အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁ အောက်တိုဘာ ၂၀၂၃

၂၂:၁၈:၂၄
1397232

တရုတ်အမျိုးသားနေ့ အတွက် အီရန် သမ္မတ မှ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

တရုတ်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အီရန် အစ္စလာမ်မစ် ပြည်သူ့ နိုင်ငံ သမ္မတ အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ တရုတ် သမ္မတ ရှီကျင့်ဖျင် ထံ သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ နိုင်ငံ သမ္မတ အာယာသွလ္လာဟ် ‌ဒေါက်တာ ဆယက်ဒ်  အီဗရာဟီးမ် ရအီစီ သည် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ထံ ‌ အီရန် သမ္မတ ဒေါက်တာ ဆယက်ဒ်  အီဗရာဟီးမ် ရအီစီ မှ တရုတ် သမ္မတ ရှီကျင့်ဖျင် ပေးပို့သည့် ဂုဏ်ပြု သတင်း လွှာ တွင် တရုတ် အစိုးရ  နှင့် တရုတ် ပြည်သူများအား ဂုဏ်ပြု စကား ဆို ထားပါသည်။ တရုတ်၏ ကြိုးပမ်းမှုကြောင့် အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သတိရသင့်ပါတယ်။

ဘေဂျင်းတွင် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ တရားဝင်ဆက်ဆံရေး ပြန်လည် ထူထောင်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကြေညာချက်အပြီးမှာတော့ တီဟီရန်နဲ့ ရီယာ့ဒ်မှာ နှစ်နိုင်ငံ အပြန်အလှန် သံအမတ်များ ခန့်အပ်ဖို့ သဘောတူ ညီ ခဲ့ပါကြပါတယ်။

မကြာသေးမီက၊ မရှ်ဟဒ်မြို့ရှိ  ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ဆော်ဒီအာရေးဗီးယား အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို အီရန် ထိပ်တန်းအစိုးရ  နှင့် ပြည်နယ်အရာရှိများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251