အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၆ အောက်တိုဘာ ၂၀၂၃

၂၀:၂၉:၂၄
1398456

အီရန်နိုင်ငံ ခြားရေးဝန်ကြီးက ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်အပေါ် အစိုးရနှင့် ပြည်သူ များ ကို စာနာကြောင်း ပြောကြား

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး နှင့် တယ်လီဖုန်းပြောဆိုမှုတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစိုးရနှင့် ပြည်သူများကို စာနာကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး အမီးရ် အဗ်ဒွလ္လာဟ်ဟီရမ်းန်  အနေဖြင့် မိမိနှင့် ရာထူးတူ ရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆလ် မစ်က်ဒါဒ် နှင့် တယ်လီဖုန်းပြောဆိုမှု တွင် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်အပေါ်ပြင်းပြင်းထန်ထန် ရှုတ်ချ ပြီး ဆီးရီးယားသမ္မတ ဘရှားရ် ရိုလ်အ အစဒ် ၊ စစ်တပ် နှင့် ဆီးရီးယားပြည်သူများအား စာနာကြောင်း ပြောကြားပြီး သေဆုံးသွားတဲ့ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆလ် မစ်က်ဒါဒ် မှ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အမီးရ် အဗ်ဒွလ္လာဟ် ဟီရမ်းန် အား ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး ဟမ်ဆ် ပြည်နယ်ရှိ ဆီးရီးယားစစ်တပ် ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုအကြောင်း ရှင်းပြခဲ့ပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက် အဖွဲ့များသည် ယင်းလုပ်ရပ်များ၏ နောက်ကွယ် တွင် ရှိနေကြောင်း ရီးယားနိုင်ငံခြားရေးဝန်ကြီးမှ ဆက်လက်  ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ၊ နိုင်ငံခြား ဝန်ကြီး များ အနေဖြင့် တီလီဖုန်း နှင့် စကားပြောဆို ရာတွင် နိုင်ငံ တကာအသိုက်အဝန်း၏ လေးနက်သော ကတိကဝတ်များနှင့် အကြမ်းဖက်ဝါဒကို ထိရောက်စွာ တိုက်ဖျက်ရန် ပြတ်ပြတ်သားသားနှင့် ထိရောက်သော စစ်ပွဲအတွက် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251