အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၇ အောက်တိုဘာ ၂၀၂၃

၂၀:၂၀:၀၉
1398797

အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ မြှောက်ပင့် ကူညီနေသည့် ယူကရိန်းကို ရုရှားက ဒုံးကျည် ဖြင့် တိုက်ခိုက်

အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ မြှောက်ပင့် ကူညီနေသည့် ယူကရိန်းကို ရုရှားက ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ ဤတိုက်ခိုက်မှုကြောင့် ၅၁ ဦး သေဆုံးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ မြှောက်ပင့် ကူညီနေသည့် ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရွာတစ်ရွာသို့ ရုရှားဒုံးကျည်တစ်စင်း ကျရောက်ပြီးနောက် အနည်းဆုံး လူငါးဆယ်ဦး သေဆုံးခဲ့ကြောင်း အနောက်မီဒီယာ သတင်းရင်းမြစ်များ အရ သိရှိရပါတယ်။

စစ်ပွဲအတွင်း စစ်သားတစ်ဦး သေဆုံးမှုအတွက် ယူကရိန်းကျေးရွာတွင် ဝမ်းနည်းကြောင်း တွေ့ဆုံပွဲ ပြုလုပ်စဉ် ဒုံးကျည် ကျရောက်ခဲ့ကြောင်း သိရှိရပါတယ်။

ရုရှားဒုံးကျည်ဖြင့် ပစ်မှတ်ထားသည့် ယူကရိန်းကျေးရွာတွင် တိုက်ခိုက်မှုသည် အများအပြား ပျက်စီးခဲ့ပြီး အဆောက်အအုံများသည် အမှိုက်ပုံ များအဖြစ်သို့ ပြောင်းလဲသွားကြောင်း အနောက်မီဒီယာများက ပြောကြား ခဲ့ပါတယ်။

ယူကရိန်းသတင်းရင်းမြစ်များကို ကိုးကားချက် အရ ယင်းအနီးရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်တစ်ဆိုင်အား ရုရှားက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

ယူကရိန်း နှင့် ရုရှား စစ်ပွဲ ကြီး အမြန်ပြီးဆုံးပါစေ။ ကမ္ဘာကြီး အေးချမ်းသာယာပါစေ။

ယူကရိန်း နှင့် ရုရှား စစ်ပွဲ ကြီး အပြီး သတ်အောင် အတား အဆီး ပြုနေသည့် နိုင်ငံများ မှာ အမေရိကန် နှင့် မဟာမိတ်နိုင်ငံများဖြစ်ကြပါတယ်။အကြောင်း စစ်ပြေငြိမ်း အောင်မလုပ်ဘဲ ယူကရိန်း ကို လက်နက်များ အကူအညီများ ပေးမြှောက် ပေး၍ မိမိ၏ ရုရှား နှင့် စစ် ကို ရှည်အောင်ပြုနေခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251