အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ အောက်တိုဘာ ၂၀၂၃

၁၈:၁၂:၂၃
1399798

ပါလက်စတိုင်း နှင့် ဇီယွန်ဝါဒီ အစ္စရေးစစ်သားများအကြား စစ်ပွဲ ကြောင့် ပါလက်စတိုင်း ဘက်မှ အယောက် ၇၀၀ သေဆုံးပြီး အစ္စရေးဘက်မှ အယောက် ၁၁၀၀ သေဆုံး

ပါလက်စတိုင်းတို့၏ မြေ ကို မတရား ကျူးကျော် သိမ်ပိုက်ထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်နေသည့် ဇီယွန်ဝါဒီ အစ္စရေး အစိုးရ၏ ရက်စက်ကြမ်းကြုတ် လူမဆန်စွာ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံ သား ၇၀၀ ကျော် သေဆုံးသွားပြီး ဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ် ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထား များ အရ ပါလက်စတိုင်းတို့၏ မြေ ကို မတရား ကျူးကျော် သိမ်ပိုက်ထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်နေသည့်  ဇီယွန်ဝါဒီ အစ္စရေး အစိုးရ၏ ရက်စက်ကြမ်းကြုတ် လူမဆန်စွာ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သားများ ၇၀၀ ကျော် သေဆုံးသွားပြီး ဖြစ်ကြောင်း  ၎င်းသေဆုံး သွားသူများ အနက် ၁၄၃ ဦး မှာ ကလေးငယ်များ ဖြစ်ပြီး ၁၀၅ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဝမ်းနည်း သွာ သိရှိရပါတယ်။

ဇီယွန်ဝါဒီအစ္စရေး စစ်သားများ၏  ပါလက်စတိုင်းမြေအား မတရားကျူးကျော် အနိုင်ကျင့်နေမှု နှင့်  ဇီယွန်ဝါဒီ အစ္စရေး  အရပ်သားများ ပါလက်စတိုင်းတို့အပေါ်  ရန်လိုမှု ပြဿနာ ရှာမှုကို တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်း မူဂျာဟစ်ဒ်ဒီးန် များ သည် အလ်အက်စွာ မုန်တိုင်း စစ်ဆင်ရေးကို စတင်ခဲ့ကြပါတယ်။ ဤ စစ်ဆင်ရေး ကြောင့် ယခုအချိန်အထိ ဇီယွန်ဝါဒီအစ္စရေး တို့သည် ၁၁၀၀ ကျော် သေဆုံးခဲ့ ပြီး ၂၇၄၁  ဦး ဒဏ်ရာရရှိခဲ့ပြီး ပါလက်စတိုင်း များသည် ဇီယွန်ဝါဒီ အစ္စရေးများ အများအပြားကို အကျဉ်းသား အဖြစ် ဖမ်းဆီးထားပြီး အခြား ဇီယွန်ဝါဒီ အစ္စရေး  ၇၅၀ ကျော်  ပျောက်ဆုံးနေကြောင်း ဖြစ်ပါတယ်။

အလ်အက်စွာ မုန်တိုင်း စစ်ဆင်ရေးကို စတင်ချိန်တွင်            ပါလက်စတိုင်း မူဂျာဟစ်ဒ်ဒီးန်များ သည် ကျူး ကျော် သိမ်းပိုက်ထားသော ဇီယွန်နစ်အစိုးရ၏ ပါလက်စတိုင်း မူဂျာဟီဒ်ဒီးန် သည် သိမ်းပိုက်ထားသော ဇီယွန်နစ် အစွစရေး အရေးကို အစ္စရေး အစိုးရ၏ စစ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို ဒုံးကျည် ၅၀၀၀ ဖြင့် ပစ်ခတ်ခဲ့ပြီး ဇီယွန်နစ် အစ္စရေး အစိုးရ၏ ပါလက်စတိုင်းတို့၏ တန်ပြန်တိုက်ခိုက်မှုကို ဟန့်တား မည့် Iron Dome စနစ်သည် လည်း လုံးဝ ထိရောက်မှု မရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

သတ်ဖြတ် ရက်စက် ဖိနှိပ်ခံနေရသည့်  ပါလက်စတိုင်းပြည်သူများ သည် ရက်စက်ကြမ်းကြုတ်သော ဇီယွန်ဝါဒီ အစ္စရေး များ၏ ရန်လိုမှုသည် တိုးများလာနေပြီး ပါလက်စတိုင်းတို့ကို ဖိနှိပ်ထားသည့်  ဇီယွန်ဝါဒီ အစ္စရေး အစိုးရကို နိုင်ငံတကာအဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချနေဆဲဖြစ်ပါတယ်။

****************************************************************

END / 251