အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ အောက်တိုဘာ ၂၀၂၃

၂၀:၃၀:၃၆
1401506

ဂါဇာကမ်းမြောင်ဒေသအခြေအနေသည် အလွန်နာကျင်စရာ ဖြစ်နေ ပြီး လူသေအလောင်းများ နေရာတိုင်းတွင် ရှိနေ ၊လူ့အခွင့်အရေး ဟု ဟန်ဆောင်သူများ ၏ မျက်နှာ အစစ် မြင်တွေ့လာရ

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက ဒေသတွင်း အခြေအနေပိုမို ဆိုးရွားလာပြီး ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတိပေး ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထား များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူနာစေရ် ကန်အာနီ မှ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် သိမ်းပိုက်ခံထားရသော နယ်မြေများ၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ဂါဇာတွင် အလွန်နာကျင်ဖွယ်ကောင်းသော အခြေအနေတစ်ခုကို ကျွန်ုပ်တို့ မြင်တွေ့နေရပြီး အရပ်သားများနှင့် စစ်သားမဟုတ်သူများကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီများ၏ ရက်စက်ကြမ်းကြုတ်  လူမဆန်စွာ တိုက်ခိုက်မှုများကို မြင်တွေ့နေရ ကြောင်း ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါလက်စတိုင်းများအပေါ် နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ယနေ့ ဇီယွန်ဝါဒီများ သည် ပါလက်စတိုင်းတို့၏ သဘာဝတုံ့ပြန်မှုကို ရင်ဆိုင်နေရပြီး ယနေ့ ပါလက်စတိုင်းတို့သည် ကမ္ဘာပေါ်တွင် အဖိနှိပ် အခံရ ဆုံးနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ ပါလက်စတိုင်းသားများ၏ ဖိနှိပ်ခံနေရ မှု၊ ၎င်းတို့၏ ရဲစွမ်းသတ္တိ နှင့် ပါလက်စတိုင်းကလေးများ၏ သွေးစွန်းသော မျက်နှာများတွင် မြင်တွေ့ရပြီး လူ့အခွင့်အရေး အတုအယောင် တောင်းဆိုသူများ၏ အရေခြုံ မျက်နှာများ ယခင်ကထက် ပိုမိုထင်ရှား စွာ တွေ့မြင် လာရ ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့ပါတယ်။

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီတွေက ပါလက်စတိုင်း ပြည်သူ များ နှင့် ဖိနှိပ်ခံ ရက်စက်ခံနေရတဲ့ ပါလက်စတိုင်း ကလေးများ ၏  အခြေခံလိုအပ်ချက်များကို တားဆီး ပိတ်ပင်နေချိန် မှာဘဲ ကမ္ဘာကြီး က ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပနေတယ် လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ် သည် ရှက်ရမ်းရမ်း ‌ကြောက်ရမ်းရမ်း ပြီး ဖိနှိပ်ခံ ထားရသော ပါလက်စတိုင်း ပြည်သူများကို တိုက်ခိုက်ရန် ရှိသမျှ  စွမ်းအင် အားလုံးကို အသုံးပြုနေပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူနာစေရ် ကန်အာနီ မှ ဂါဇာတွင် လတ်တလောဖြစ်ရပ်များကို စစ်ရာဇ၀တ်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ယခုအချိန်တွင် အရေးကြီးဆုံးလိုအပ်ချက်မှာ ဂါဇာကို ဇီယွန်ဝါဒီများ၏ ရန်လိုမှု မှ အဆုံးသတ်ပေး ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251