အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၆ အောက်တိုဘာ ၂၀၂၃

၂၁:၀၄:၃၃
1401838

လက်ဘနွန် နိုင်ငံ တောင်ပိုင်းကို ဝင်ဖို့ အမှားလုပ်မိရင် ငါတို့ အလောင်း နှင့် ပြန် ရမည် / နယ်ချဲ့ အစ္စရေးဗိုလ်

လက်ဘနွန် တောင်ပိုင်းကို ဝင်လာရင် ငါတို့ရဲ့ အလောင်းတွေအဖြစ် ပြန်ရလိမ့်မယ်လို့ ဇီယွန်နစ် နယ်ချဲ့ အစိုးရ၏ စစ်ဗိုလ် တစ်ဦးက သတိပေးခဲ့ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ သတင်းအထောက်အထားများ အရ ဇီယွန်နစ် ဆိုရှယ်မီဒီယာသည် မကြာသေးမီက ဇီယွန်နစ်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ဗီဒီယိုကိုထုတ် လွှင့်ခဲ့ပြီး ထိုဗီဒီယို တွင် နယ်ချဲ့ ဇီယွန်နစ်  အစ္စရေး တို့၏ အဖြစ်မှန် ကို ဖော်ပြထားကြောင်း သိရှိရပါတယ်။

ဤ ဒီဇီယွန်ဝါဒီအရာရှိက တောင်လက်ဘနွန်စစ်ပွဲရဲ့အခက်အခဲတွေကို ပြောပြပြီး တောင်လက်ဘနွန်ကို ပြန်ဝင် မယ်ဆိုရင် တော့ နောက်နှစ်နာရီလောက်ကြာမှ ငါတို့အားလုံး အလောင်းတွေ အဖြစ် ပြန်ရလိမ့်မယ်လို့ ပြော ကြား ခဲ့ပါ တယ်။

ဇီယွန်နစ်အရာရှိမှလက်ဘနွန်ရှိဟစ်ဘွလ္လာဟ်တို့သည်တင့်ကားဖျက်ဒုံးကျည်နပစ်သည့်အခါ မိမိ တို့ တွေ သေကျေပျက်စီးသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။                                                                                                    

ဒါဟာ အန္တရာယ်ရှိပြီး လူတိုင်းသိပေမယ့် ဘယ်သူမှ ကြောက်လန့်၍  မပြောကြကြောင်း ဒီကိစ္စမှာ ငါတို့မှာ သေဖို့ ကလွဲလို့ တခြားရွေးစရာမရှိ ကြောင်း  ဇီယွန်နစ် အရာရှိမှ  ဆက်လက် ပြောကြားခဲ့ပါတယ်။

ဤ ဒီဇီယွန်ဝါဒီအရာရှိမှ ကျွန်ုပ်သည် ဇီယွန်နစ် စစ်တပ် ၏ အရေးကြီး အရာရှိတစ်ဦး ဖြစ်ပါတယ်။ နောက် ကျနော်အနေဖြင့် ဤကဲ့သို့ စကား မပြောသင့် ဘူးဆိုတာ လည်း သိပါတယ်။ ဒါပေမယ့် အမှန်တရားကို ကြားပြီးရင် လူတွေက နိုးလာမည်  ပညာရှိတွေ နိုးထလာမည် ဖြစ်လို့ ပြောရမည် ဖြစ်ပါ တယ်ဟု ပြောခဲ့ပါတယ်။

အခြားတစ်ဖက်တွင်၊ ဇီယွန်ဝါဒီစစ်တပ်သည် ဂါဇာမြို့အနောက်တောင်ဘက်ရှိ သလ်အလ်ဝါ ဧရိယာတွင် လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးစင်တာများကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုမှာ အရေး ပေါ် တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251