အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၈ အောက်တိုဘာ ၂၀၂၃

၁၈:၃၄:၀၀
1402673

ပါလက်စတိုင်း အတွက် နှလုံးမခုန်သူသည် မွတ်စ်လင်မ်မဟုတ်ချေ / ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဖရဟ်ဇါဒ်

ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၏ တရားဟော ဆရာ ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဖရဟ်ဇါဒ် မှ ကလေးများကို သတ်ဖြတ် သူ ၊ လူမဆန်သည့် ဇီယွန်နစ် အစိုးရ ၏ ရာဇဝတ် များ ကို ထောက်ပြပြီး မဇ်လူးမ် (အဖိနှိပ် အရက်စက်ခံ) ရသူများ ကို ကာကွယ်ပေးရန် နှင့်ပတ်သက်၍ ရီဝါယသ် တော်အများ အပြား လာရှိကြောင်း မွတ်စလင်မ်များ ၏ အခက်အခဲဒုက္ခများ အတွက် သောက မဖြစ်သူ သည် မွတ်စလင်မ် မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇဟ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၏ တရားဟော ဆရာ ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဖရဟ်ဇါဒ် မှဆလ်ဝသ် ၏ကောင်းချီးမင်္ဂလာများ နှင့်ပတ်သက်ပြီး ညွှန်ပြ ဟောကြားရင်း ဆလ်ဝသ် ပို့သသူသည် တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ပြန်လည် ရှင်ပြန်ထ မြောက်ခြင်း ကို ခံရမည့်သူ ဖြစ်ကြောင်း အကြောင်း မှာ မနုဿ လူသား သည် မိမိ အလွန်ချစ်သူ မိမိအလွန်တမ်းတသူ နှင့်သာ  ရှင်ပြန်ထ‌မြောက်ခြင်းခံရမည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဟောကြားခဲ့ပါတယ်။

ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဖရဟ်ဇါဒ် မှ ဆက်လက်ပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် တစ်နေရာတွင် “ ကေယမသ် နေ့ တွင် ကျွန်ုပ် နှင့် အနီးကပ်ဆုံးရှိမည့် သူမှာ ကျွန်ုပ်အပေါ် ဆလ်ဝသ် အများဆုံး ပို့သ သူ ဖြစ်မည် “  ဟု မိန့်ကြားတော်မူထားတော်မူကြောင်း ဟောကြားခဲ့ပါတယ်။

ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၏ တရားဟော ဆရာဆက်လက်ပြီး မဇ်လူးမ် (အဖိနှိပ် အရက်စက်ခံ) ရသူ ပါလက်စတိုင်းများ အပေါ်  နယ်ချဲ့ ဇီယွန်နစ် အစိုးရ၏ လူမဆန်မှုများ ကို ထောက်ပြပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)  ၏ ဟဒီးစ်တော် တစ်ခု  မှာ “ အကြင်မည်သူမဆို နံနက် နိုးထချိန်  မွတ်စလင်မ်များ နှင့်ပတ်သက်ပြီး သောက မရှိသူ မထားသူ သည် မွတ်စလင်မ် မဟုတ် “ ဟု ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မဇ်လူးမ် (အဖိနှိပ် အရက်စက်ခံ) ရသူများ ကို ကာကွယ်ပေးရန် နှင့်ပတ်သက်၍ ရီဝါယသ် တော်အများ အပြား လာရှိကြောင်း မွတ်စလင်မ်များ ၏ အခက်အခဲဒုက္ခများ အတွက် သောက မဖြစ်သူ သည် မွတ်စလင်မ် မဟုတ်ကြောင်း ဟွတ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဖရဟ်ဇါဒ် မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251