အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၈ အောက်တိုဘာ ၂၀၂၃

၂၀:၂၆:၀၄
1402699

ဂါဇာရှိ ဆေးရုံအပေါ် ဇီယွန်ဝါဒီ အစိုးရ၏ လူမဆန်သည့် တိုက်ခိုက်မှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ရှုတ်ချ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် မှ ဂါဇာရှိ အလ်မအ်မဒါနီ ဆေးရုံ အပေါ် စစ်သွေးကြွ အစ္စရေး ဇီယွန်အစိုးရ ၏ လူမဆန်သည့် တိုက်ခိုက်မှုကို ရှုတ်ချ လိုက်ကြောင်း သိရှိရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများ အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်  မှ မိမိ၏ ထုတ်ပြန်ချက်တစ်ခု တွင် အရပ်သားများနှင့် ဆေးရုံများကို ချက်ချင်းအကာအကွယ်ပေးရန်နှင့် ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူများအား နယ်ချဲ့ အစ္စရေးဘက်မှ ထွက်ခွာရန် ပြောဆို ချက်များ ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ဂါဇာရှိ အလ်မအ်မဒါနီ ဆေးရုံကို နယ်ချဲ့ အစ္စရေး တို့၏ လူမဆန်စွာ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ပါလက်စတိုင်း နိုင်ငံသား အားလုံးကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး ဟာဂျာ လဟ်ဘီးဘ် မှလည်း ဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုကာ  နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့ အလေးပေးဖို့ အရပ်သားတွေကို ပစ်မှတ် မထား ဖို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှလည်း  ဂါဇာကမ်းမြောင်ဒေသကို  စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီ အစိုးရက ဝိုင်းရံထားမှုကို အဆုံး သတ်သင့်ပြီးကြောင်း လျှပ်စစ်နှင့် ရေသည် ဂါဇာကမ်းမြောင်ဒေသ ရှိပြည်သူများ ရရှိအောင် ပြီးနောက် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို ဂါဇာအတွင်းသို့ ဝင်ရောက်နိုင်စေရန် ဇီယွန်ဝါဒီအစိုးရမှ ဟန်တား၊ တားဆီး ထားမှုများ ရပ်တန့်သင့်ပြီး ဖြစ်ကြောင်း ကြေညာထားပါတယ်။

အလ်မအ်မဒါနီ ဆေးရုံ အပေါ်  စစ်သွေးကြွ အစ္စရေး ဇီယွန်အစိုးရ မှ ကိုယ်တိုင် လူမဆန်စွာ တိုက်ခိုက်ခဲ့ပြီး ပြစ်တင်ရှုတ်ချမှု အများ အပြား နှင့်ရင် ဆိုင်လာရသည့် အခါ မိမိတို့ တိုက်ခိုက်ခဲ့သည့် မဟုတ်ကြောင်း ဟားမတ်စ် မှ တိုက်တာ ဖြစ်ကြောင်း အထောက်အထားမဲ့ ယုတ္တိမရှိ ဘဲ လိမ်ညာ ပြောဆိုနေသည်ကို တွေ့ရှိနေရပါတယ်။

****************************************************************

END / 251