အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၀ အောက်တိုဘာ ၂၀၂၃

၁၈:၃၇:၅၆
1403109

ဂါဇာရှိ ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းကို နယ်ချဲ့ အစ္စရေးမှ တိုက်ခိုက် ၊ အများအပြားသေဆုံး

မိမိ ‌မြေ လွတ်လပ်ရေး အတွက် ကြိုးပမ်းနေသည့် ဟားမတ်စ် အား မဲပြီး စစ်ဘေးရှောင် ရာနဲ့ချီ ခိုလှုံနေတဲ့ ဂါဇာကမ်းမြှောင်က အော်သိုဒေ့ါစ် ခရစ်ယာန်ဘုရားကျောင်းကို နယ်ချဲ့ အစ္စရေးက ကြာသာပတေးနေ့တွင် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာမြို့ ရှိ Saint Porphyrius Church ဘုရားကျောင်းဖြစ်ပြီး သက္ကရာဇ် ၁၁၅၀ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂါဇာနဲ့ အရှေ့အလယ်ပိုင်းက သမိုင်းအမွေအနှစ် စာရင်း၀င် ဘုရားကျောင်းစာရင်းမှာလည်း ပါ၀င်တဲ့ ဘုရားကျောင်း ဖြစ်ပါတယ်။

နယ်ချဲ့ အစ္စရေးစစ်တပ်ကတော့ ဒုံးကျည်တွေ၊ မော်တာကျည်တွေနဲ့ ပစ်ခတ်တဲ့နေရာကို တိုက်ခိုက်ခဲ့တာလို့  လိမ်နေကြ အတိုင်း လိမ်ညာ ပြီး ထုတ်ပြန်ပါခဲ့တယ်။

တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းမျက်နှာစာနဲ့ ပရ၀ုဏ်အတွင်းက အဆောက်အဦးတစ်ခု ပြိုကျပျက်ဆီးခဲ့သွားခဲ့ကြောင်း သိရှိရပါတယ်။

ခရစ်ယာန် ဘုရားကျောင်းဟာ နယ်ချဲ့ စစ်သွေးကြွ အစ္စရေးများ ၏ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ရာနဲ့ချီကို လက်ခံ စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

နယ်ချဲ့ အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချတယ်လို့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်က ထုတ်ပြန်ပါတယ်။

“ပြီးခဲ့တဲ့ ၁၃ ရက်လုံးလုံး လူနေအိမ်တွေကို အစ္စရေးက တိုက်ခိုက်လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ အပြစ်မဲ့ အရပ်သားတွေ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ဘုရားကျောင်းတွေ၊ အသင်းတော်အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ ဒါမျိုးကို လစ်လျူရှုထားလို့ မရပါဘူး”  လို့ အသင်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဂါဇာကမ်းမြှောင်ကို နယလ်ချဲ့ အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃၇၈၅ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူနာတွေ၊ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ အလ်မအ်မဒါနီ ဆေးရုံ ကို နယ်ချဲ့ အစ္စရေးက ဒုံးကျည်နှင့် လူမဆန် စွာ  တိုက်ခိုက်တာကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

****************************************************************
END / 251