အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၂၂ အောက်တိုဘာ ၂၀၂၃

၂၀:၁၆:၂၃
1404039

ကမ္ဘာကျော် ဘောလိဝုဒ်မင်းသမီး စဝါရဟ် ဘဟာစ်ကရ် သည် ပါလက်စတိုင်း နှင့် ကို ဂါဇာရှိကလေးများ ထောက်ခံကြောင်း ပြောကြား

ကမ္ဘာကျော် ဘောလိဝုဒ်မင်းသမီး စဝါရဟ် ဘဟာစ်ကရ် သည် ပါလက်စတိုင်း နှင့် ကို ဂါဇာရှိကလေးများ ထောက်ခံ ရပ်တည် ကြောင်း ပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထာက်အထားများ အရ ကမ္ဘာကျော် ဘောလိဝုဒ်မင်းသမီး စဝါရဟ် ဘဟာစ်ကရ်  သည် ပါလက်စတိုင်း ကိစ္စ နှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် ၎င်း၏အမြင်များကို ထပ်မံဖော်ပြခဲ့ပြီး ယခုတစ်ကြိမ်တွင် ဂါဇာရှိ အဖိနှိပ်ခံကလေးများနှင့် ပါလက်စတိုင်း ဘက်မှ ကိုယ်ချင်စာ ရပ်တည်ကြောင်း ထောက်ခံ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူမဟာ ဂါဇာမှာရှိနေရင် သူ့သမီးရာဘေအဟ် ကို ဘယ်လိုကာကွယ်မလဲဆိုပြီး သူမရဲ့ Instagram စာမျက်နှာမှာ ရေးသားထားပါတယ်။ အသက် ၃၅ နှစ်အရွယ် မင်းသမီး စဝါရဟ် ဘဟာစ်ကရ်  သည် နိုင်ငံသားဖြစ်ခွင့်ဥပဒေပြောင်းလဲမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ ဖဟဒ်ခန်း နှင့် ယခုနှစ် ဖေဖော်ဝါရီလတွင် လက်ထပ်ခဲ့ပြီး ပြီးခဲ့သောလတွင်သာ သမီးတစ်ယောက်၏မိခင်ဖြစ်လာကြောင်း မှတ်သား ဖွယ်တွေ့ရှိရပါတယ်။ အင်စတာဂရမ်ပေါ်တွင် သူမ၏ရှည်လျားသောမှတ်စုတွင်၊ ဇီယွန်ဝါဒီများ၏ ရန်လိုမှု ဒဏ်ကို နေ့စဉ်ခံစား နေရသောဂါဇာရှိကလေးများအတွက်သူမ၏စာနာကြောင်း ဘောလိဝုဒ်မင်းသမီး စဝါရဟ် ဘဟာစ်ကရ်   ကရေးသား ဖော်ပြထားပါတယ်။

ဝါကြီးများ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံများ၊ ကယ်ဆယ်ရေးစခန်းများနှင့် ဝတ်ပြုရာနေရာများတွင် ကလေးငယ်များ ကို ဗုံးကြဲခြင်းသည် ကျွန်ုပ်တို့နေထိုင်ရာ အမှောင်နှင့် ဆိုးယုတ်သည့်အချိန်များကို ညွှန်ပြသည်ဟု ၎င်း၏မှတ်စုတွင် ရေးသားထားပါ တယ်။

****************************************************************

END / 251