အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၅ အောက်တိုဘာ ၂၀၂၃

၂၁:၀၈:၁၄
1405064

ဟားမတ်စ် ၏ သူဖန်နိုလ်အက်ဆွာ (ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေးကြောင့် ဇီယွန်ဝါဒီ စစ်သား များစိတ်ပိုင်း ဆိုင်ရာ ရောဂါများဖြစ်ပွား

ဟားမတ်စ် ၏ သူဖန်နိုလ်အက်ဆွာ (ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး စတင်ပြီးနောက် ဇီယွန်ဝါဒီ စစ်သား များ အကြား အထိတ်တလန့် ပျံ့နှံ့သွားကာ စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို ခံစားနေကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်းအထောက်အထားများ အရ  ဇီယွန်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနသည် သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများတွင် စိတ်ရောဂါများပျံ့နှံ့မှုကို ကာကွယ်ရန် ဦးနှောက်နှင့် စိတ်ပညာရှင် အများအပြားကို ငှားရမ်းထားရကြောင်း သိရှိရပါတယ်။

ဇီယွန်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက စစ်ပွဲဇုန်များတွင် တာဝန်ထမ်းဆောင်ခြင်းမရှိသည့် ဆရာဝန်များနှင့် အမိုးအကာများတွင် ပုန်းအောင်းနေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါတယ်။

ဟားမတ်စ် ၏ သူဖန်နိုလ်အက်ဆွာ  (ခ) အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး စတင်ချိန်မှစ၍ ဇီယွန်ဝါဒီ ၅၄၀၀ ဦး ဒဏ်ရာရခဲ့ပြီး ၄၀ မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း စစ်သွေးကြွ နယ်ချဲ့ ဇီယွန်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဤအတောအတွင်း ဇီယွန်ဝါဒီမီဒီယာများက သူဖန်နိုလ်အက်ဆွာ  (ခ) အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး နှင့် ဂါဇာ ကမ်းမြောင်နှင့် စစ်ပွဲအတွင်း ဇီယွန်အစိုးရသည် နေ့စဉ် ဒေါ်လာသန်းသုံးရာမှ လေးရာအထိ ဆုံးရှုံးနေရသည်ဟု ဆိုထားပါတယ်။

****************************************************************

END / 251