အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၈ အောက်တိုဘာ ၂၀၂၃

၁၉:၂၃:၄၉
1406053

ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ထားတဲ့ စစ်သွေးကြွ အစ္စရေးစစ်သားများ ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသား ၇၃၂၆ ဦး ရှဟီးဒ် ဖြစ်

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး သတင်း အချက်အလက်များအရ ဂါဇာ ကမ်းမြောင်ဒေသအား လူမဆန်သည့် စစ်သွေးကြွ အစ္စရေး လေကြောင်း ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် ပါလက် စတိုင်းသား အပြစ်မဲ့ ၇၃၂၆ ဦး ရှဟီးဒ် ဖြစ် (သေဆုံး) ခဲ့ကြောင်း သိရှိ ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထား များ အရ  ဂါဇာကမ်းမြှောင်တွင် သိမ်းပိုက်ထားသော နယ်ချဲ့ စစ်သွေးကြွ  အစ္စရေးစစ်တပ်၏ ပြင်းထန် သောတိုက်ခိုက်မှုများ တွင် ဒဏ်ရာရသူများ ၊ သေဆုံးသူများ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်း အချက် အလက်များ ကို ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၇ ရက်နေ့ သောကြာနေ့ ညနေပိုင်း တွင် ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်း အချက်အလက်များအရ ဂါဇာကမ်းမြောင်ဒေသရှိ ဖိနှိပ်ခံ အပြစ်မဲ့ ပါလက်စတိုင်းတို့ အား စစ်သွေးကြွ ဇီယွန်ဝါဒီစစ်သားမျာ စတင်တိုက်ခိုက်ချိန် မှ စ၍ ယခုချိန် ထိ ပါလက်စတိုင်းသား ပြစ်မဲ့ ၇၃၂၆ ဦး သေဆုံးခဲ့ရပြီး ၁၈၉၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ နယ်ချဲ့ စစ်သွေးကြွ အစ္စရေး အစိုးရ၏ ရက်စက် ကြမ်းကြုတ် လူမဆန်သည့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများထဲတွင် ကလေး ၃၀၃၈ ဦးနှင့် အမျိုးသမီး ၁၇၂၆ ဦး ပါဝင်ပြီး သက်ကြီးရွယ်အို ၄၁၄ ဦးလည်း ပါဝင် ခဲ့ ကြောင်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်တောင်ဘက် ရှိ ခန်းယူနစ်မြို့ကို ကို လည်း နယ်ချဲ့ အစ္စရေးတပ်များက ယနေ့နံနက် ပိုင်း တွင် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ပါလက်စတိုင်းသား ၁၅ ဦး သေဆုံးခဲ့ ရပါတယ်။ ပြီးနောက် နယ်ချဲ့ စစ်သွေးကြွ  တပ်ဖွဲ့မျာသည်  ဗလီနှစ်ခုကိုလည်း ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

****************************************************************

END / 251