အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၉ အောက်တိုဘာ ၂၀၂၃

၀၄:၂၃:၄၇
1406099

အန်ဆွာရိုလ္လာဟ် အဖွဲ့ မှ နယ်ချဲ့ အစ္စရေး တောင်ပိုင်း ရှိ အီလာသ် ဧရိယာ အား ဒရုန်း ဒုံးကျဥ်များ ဖြင့် တိုက်ခိုက်

ယီမင် လက်ရှိအစိုးရ အဖွဲ့ အန်ဆွာရိုလ္လာဟ် အဖွဲ့ မှ ဂါဇာကမ်းမြောင်ဒေသတွင် စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှု များကို ပြန်သည့်အနေဖြင့် အစ္စရေး တောင်ပိုင်း ရှိ အီလာသ် ဧရိယာ အား ဒရုန်း ဒုံးကျဥ်များ ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အောက်တိုဘာလ ၂၈ ရက်နေ့ လာ Sahar News သတင်းဌာန ၏ သတင်း အထောက်အထား များ အရ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး  ဇီယွန်ဝါဒီမီဒီယာက ယီမင်ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ၊ ယီမင် လက်ရှိအစိုးရ အဖွဲ့ မှ အစ္စရေး တောင်ပိုင်း ရှိ အီလာသ် ဧရိယာ အား အကြီးစားဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုကို ပြုခဲ့ကြပါတယ်။

စစ်သွေးကြွ နယ်ချဲ့ အစ္စရေးကာကွယ်ရေးစနစ် သည် ဤ တိုက်ခိုက်မှု ကို ကာကွယ် ရန် အပြင်းအထန် ကြိုးစားခဲ့ရကြောင်း အ‌ြေခအနေ အတော် ဆိုးရွား သွားကြောင်း သိရပါတယ်။ အန်ဆွာရိုလ္လာဟ် အဖွဲ့ ၏ ဒရုန်း ဒုံးကျဥ်များ နှင့်တိုက်ခိုက်မှု သည့် ဒုံကျဥ် အရေအတွက် မှာ မည်မျှ ရှိကြောင်း အလုံးရေ မည်မျှ အား အစ္စရေး မှ ကာကွယ် နိုင်ခဲ့ကြောင်း မည်မျှ အလုံးရေး ပစ်မှတ်များ ကို ထိခဲ့ကြောင်း လောလောဆယ် သတင်း အတိအကျမသိရှိရသေးချေ။

ယီမင်ပြည်သူ့လှုပ်ရှားမှုအဖွဲ ခေါ်  အန်ဆွာရိုလ္လာဟ် အဖွဲ့ သည် ဇိုက်ဒီ ရှီအဟ် များ ဖြစ်ကြပါတယ်။ ၎င်းတို့ကဲ့သို့ အခြား စွန်နီ နိုင်ငံများ လည်း မိမိ စွန်နီ ညီနောင် အစ္စလာမ့် ညီနောင် ပါလက်စတိုင်း ကို ကူပြီး ၎င်းတို့ ဘက်မှ တိုက်ပေးမည်ဆိုလျှင် အစ္စရေး နှင့် အမေရိကန် သည် ပါလက်စတိုင်း အပေါ် ထင်တိုင်း အနိုင်ကျင့် ယုတ်မာရက်စက် နိုင်မည် မဟုတ်ချေ။

****************************************************************

END / 251