အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃၀ အောက်တိုဘာ ၂၀၂၃

၁၆:၁၃:၀၈
1406719

ဟားမတ်စ်မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အား ကျေးဇူးတင်ရှိ

ဟားမတ်စ် လှုပ်ရှားမှု၏ အကြီးတန်းအဖွဲ့ဝင် မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ အား နယ်ချဲ့စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီများ အား ဆန့်ကျင်ပြီး ဟားမတ်စ် အား ထောက်ခံ သည့် အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်းအထောက်အထား များအရ ပါလက်စတိုင်း အစ္စလာမ်မစ် လှုပ်ရှားရေးအဖွဲ့ ဟားမတ်စ် ၏ အကြီးတန်းအဖွဲ့ဝင် မှ အခြားအဖွဲ့ဝင် အကြီးအကဲများ နှင့်တွေ့ဆုံဆွေးနွေးရန် အီရတ် နိုင်ငံဘဂ္ဂဒက် မို့သို့ ခရီးထွက်ခဲ့ပါတယ်။ ၎င်းအနေဖြင့် ပါလက်စတိုင်းအတွက် အီရတ်ပြည်သူများနှင့် အစိုးရ၏ ပံ့ပိုးကူညီမှုကို ချီးကျူးဂုဏ်ပြုပြီး ပါလက်စတိုင်းအတွက် အီရတ်ပြည်သူများနှင့် အစိုးရ၏ ပံ့ပိုးကူညီမှုကို ချီးကျူးဂုဏ်ပြုပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ရပ်တည်ချက်အား ကျေးဇူးတင် ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း အစ္စလာမ်မစ် လှုပ်ရှားရေးအဖွဲ့ ဟားမတ်စ် ၏ အကြီးတန်းအဖွဲ့ဝင် အိုစာမဟ် ဟမ်ဒန် အနေဖြင့် ဘဂ္ဂဒက်သို့ သွားရောက်လည်ပတ်စဉ် အီရတ်ရှိ အစ္စလာမ် မစ် ကြံခံရေး အဖွဲ့ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံခဲ့ပါတယ်။

အိုစာမဟ် ဟမ်ဒန် အနေဖြင့်အလ်မယာဒီးန်ချန်နယ် နှင့် စကား အမေးအဖြေ ပြုချိန် တွင် အီရတ်သည် အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် ပါလက်စတိုင်း ဘက်မှ  ရပ်တည်ခဲ့ ကြောင်း အမေရိကန်၏ ရန်လိုမှုနှင့် စွက်ဖက်မှုများ တိုးလာပါက အီရတ်၏ ပံ့ပိုးကူညီမှုသည် ထိပ်ဆုံးတွင် ရှိနေမည် ဟုမျှော်လင့်ကြောင်း အီရတ် နိုင်ငံသားအားလုံး သည် ပါလက်စတိုင်း ကိစ္စ နှင့်ပတ်သက်၍ မိမိတို့၏ နိုင်ငံရေး နှင့် ဘာသာရေး ခေါင်းဆောင် တို့ နှင့် အတူရှိပြီး ပါလက်စတိုင်းဘက်မှ ရပ်တည်ပေးကြသူများ ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

အိုစာမဟ် ဟမ်ဒန် အနေဖြင့်ဆက်လက်ပြီး အီရတ်ရှီအဟ်များ အကြီးဆုံး အာလင်မ် မရ်ဂျာတော် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီနှင့် ဝန်ကြီးချုပ် မိုဟမ္မဒ် ရှယာအွန်စ်ဆူဒါနီ တို့အနေဖြင့် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ ကိုဆန့်ကျင်ပြီး ပါလက်စတိုင်းပြည်သူဘက်မှ အလေးပေးပြောကြားခဲ့ ကြောင်းပါလက်စတိုင်းအရေး နှင့်ပတ်သက်ပြီး အမေရိကန်၏ ရန်လိုမှုနှင့် စွက်ဖက်မှုများ တိုးလာပါက အီရတ် ၏ ပံ့ပိုးကူညီမှုသည် ထိပ်ဆုံးတွင် ရှိနေမည် ဟုမျှော်လင့်ကြောင်း အမေရိကန်အစိုးရသည် ပါလက်စတိုင်း ပြည်သူများကို အန္တရာယ်ပြုရန် ဒေသတွင်းမဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေသော်လည်း အီရတ်၏ ရပ်တည်ချက် အပါအဝင် ဒေသတွင်းနိုင်ငံရေး ရပ်တည်ချက်များသည် အမေရိကန်၏ ပူးပေါင်းကြံစည်မှုကို ချေမှုန်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

****************************************************************

END / 251