အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၁ အောက်တိုဘာ ၂၀၂၃

၀၀:၁၀:၂၄
1406879

အဖမ်းခံထားရသူ ဇီယွန်ဝါဒီ အမျိုး သမီးမှ ကို နေတန်ယာဟုအားခင်ဗျား ရှုံးနေပြီး / သတ်ဖြတ်မှုကို အဆုံးသတ်လိုက်ပါ ဟုပြောကြား သည့် ဗီဒီယို ထွက်ရှိ

အလ်ကစာမ် မှ ထုတ်ဝေသည့် ဗီဒီယိုကလစ် တစ်ခုတွင် ပါလက်စတိုင်း တော်လှန်ရေးတပ်ဖွဲ့ ဟားမတ်စ် မှ ဖမ်းဆီးထားသည့် ဇီယွန်ဝါဒီအမျိုးသမီးတစ်ဦးသည် နေတန်ယာဟုကို “အရှုံးသမား” ဟုခေါ်ဆိုကာ သတ်ဖြတ်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဂါဇာကမ်းမြောင်ဒေသရှိ ဇီယွန်ဝါဒီအကျဉ်းသားများကို လွတ်ပေးရေးနှင့်ပတ်သက်၍ ဇီယွန်စစ်အစိုးရ၏ စစ်တပ်၏ စိုးရိမ်မှုများ သောကများ သည် ဘင်ဂျမင် နေတန်ယာဟု အပေါ် အမျိုးမျိုးသော ဖိအားများ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဇီယွန်ဝါဒီအကျဉ်းသားများ၏ မိသားစုများက အကျဉ်းသားများကို လွတ်ပေးရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းမှု ပျက်ကွက်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများအပြီးတွင် ယခုအခါ ဂါဇာတွင် ဇီယွန်ဝါဒီ အမျိုးသမီးတစ်ဦး ဆန္ဒ သဘောထား ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ် လာပါတယ်။ ထို ဗီဒီယို ကလစ်တွင် ဇီယွန်ဝါဒီ အမျိုးသမီးမှ ဘင်ဂျမင် နေတန်ယာဟု အား  “အရှုံးသမား”  ဟု ခေါ်ဆိုခဲ့ပါတယ်။

အလ်ကစာမ် တော်လှန်ရေးတပ်ဖွဲ့မှ ထုတ်ဝေသည့် ဤဗီဒီယိုတွင် ဇီယွန်ဝါဒီ အမျိုးသမီးမှ နေတန်ယာဟုကို ပြောကြားခဲ့ပါတယ်။  ကျမတို့ကို ဟားမတ်စ်အဖွဲ့က ဖမ်းထားတာ ၂၃ ရက်ကြာ နေပြီး ဖြစ်ပါတယ်။ မနေ့က အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအတွက် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ကျမတို့ အနေဖြင့်  အပစ်အခတ်ရပ်စဲရေး ထူထောင်ပြီး ကျမတို့ ကိုလွတ်အောင် လုပ်ပေးသင့်တယ် ဟု ပြောကြားခဲ့ ပါတယ်။

ငါတို့ လွတ်မြောက်သင့်တယ်၊ ဒါပေမယ့် ခင်ဗျားဟာ  မအောင်မြင်တဲ့ သူတစ်ယောက်ဖြစ် ပါတယ်၊ ခင်ဗျား ဟာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ် ဟု သူမက ဆက်ပြောပါတယ်။

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တွင် အစ္စရေး၏လုံခြုံရေးနှင့် စစ်ရေးပျက်ကွက်မှုကို ရည်ညွှန်း၍ ကျမတို့ ဒေသ မှာ စစ်သားမရှိသည့် အတွက် ကာကွယ်ပေးမည့်သူမရှိသည့် အတွက် ကျရှုံးခဲ့ရ ကြောင်း ဤဇီယွန်ဝါဒီအမျိုးသမီး မှ ပြောကြားခဲ့ပါတယ်။

ကျမတို့ဟာ အပြစ်ကင်းပြီး သာမန် အရပ်သား တွေ အခွန်ပေးဆောင် နေရသူများ  ဖြစ်ပါတယ်။ ခင်ဗျား ကျမတို့ကို သတ်နေတာ ဖြစ်တယ်။ ကျမတို့အားလုံး ကို သတ်ချင်နေတာလား? ကျမတို့စစ်တပ်ကို အသတ်ခံစေချင်နေတာလား ? အစ္စရေး နိုင်ငံသားတွေ အသတ်ခံနေရတာ ခင်ဗျား  အတွက် မလုံလောက် သေးဘူးလား? မကျေနပ်သေးဘူးလား ? ဟု နေတန်ယာဟု အား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးသူမမှ ကျမအနေဖြင့် နေတန်ယာဟုနှင့် အပေါင်းအပါများ ထံ မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ အိမ်ပြန်ပြီး မိသားစု နဲ့တွေ့ချင်နေပါပြီး။ ကျမတို့ လွတ်အောင် လုပ်ပေးပါ။  ပါလက်စတိုင်း အကျဥ်းသား များကို လည်းလွတ်ပေးပါ။ စစ်ကိုလည်း ငြိမ်းသတ်လိုက်တော့ပါလို့ ပြောကြားခဲ့ပါ  တယ်။

 

****************************************************************

END / 251